အစိုးရသစ်လက်ထက်အတွက် ဝန်ထမ်းတွေ စိတ်မပူကြ ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော


2015.12.17
dassk-municipal-620.jpg ့ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း တို့ ဒီဇင်ဘာလ ၁၇ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝန်းထဲကခန်းမမှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

အစိုးရသစ်လက်ထက်မှာ လက်ရှိဝန်ထမ်းတွေကို အလုပ်ကထုတ်ပယ်တာမျိုး လုပ်မှာမဟုတ်သလို၊ ကျောသား ရင်သား မခွဲခြားဘဲ ဆက်ဆံသွားမှာဖြစ်လို့၊ အစိုးရဝန်ထမ်းတွေအနေနဲ့ စိတ်မပူကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ လွှတ်တော်အပြီးမှာ နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းထဲက ခန်းမမှာ ဧည့်ရိပ်သာ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လုပ်ကိုင်ဆောင်ရွက်ပေးရတဲ့ ဝန်ကြီးဌာနအသီးသီးက အစိုးရဝန်ထမ်းတွေ၊ လွှတ်တော်ရုံးတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အောက်ခြေဝန်ထမ်းတွေအနေနဲ့ အထက်လူကြီးတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ဖို့၊ အစိုးရဝန်ထမ်းတွေအနေနဲ့ အန်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ကြောက်ဖို့မလိုကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။