ကိုယ့်ခြေပေါ်ကိုယ်ရပ်နိုင်အောင် ကြိုးပမ်းဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လွတ်လပ်ခြင်း “Freedom” နဲ့ လွတ်လပ်ရေး “Independence” ဆိုတဲ့ စကားလုံးတွေဟာ အဓိပ္ပါယ်ကွာခြားပြီး လွတ်လပ်ရုံမျှနဲ့ လွတ်လပ်ရေးရပြီလို့ မဆိုနိုင်တဲ့အကြောင်း၊ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှ လွတ်လပ်ရေးရတယ်လို့ ခေါ်ဆိုနိုင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

2013.01.04
dassk-independence-305 ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၄ရက်နေ့တွင် ကျရောက်တဲ့ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ
Photo: RFA/Sai Tun Aung Lwin

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒီကနေ့ကျင်းပတဲ့ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က လူတဦးချင်းစီအလိုက် ကိုယ့်ခြေထောက်ပေါ်ကိုယ် မတ်တပ်မရပ်နိုင်ဘဲ သူတပါးကိုသာ မှီခိုနေရတယ်ဆိုရင် လွတ်လပ်ရေးရတယ်လို့ မခေါ်ဆိုနိုင်ကြောင်း၊ ဒါ့အပြင် နိုင်ငံအလိုက် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာလည်း ဘယ်နိုင်ငံက လာကူညီမလဲလို့ မျှော်လင့်နေရမှာ မဟုတ်ကြောင်း၊ မျှော်လင့်ချက်ကို အလုပ်နဲ့အကောင်အထည်ဖော်ရမှာဖြစ်ကြောင်း၊ အဲဒီလို အကောင်အထည်ဖော်ရာမှာလည်း ကိုယ့်အားကိုယ်ကိုးပြီး အဓိကလုပ်ဆောင်ရမှာဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို ရန်ကုန်မြို့အပြင် မန္တလေး၊ မြစ်ကြီးနားနဲ့ ကော့သောင်းမြို့တွေက NLDအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွေမှာလဲ ကျင်းပခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်းထဲက ထူးခြားချက်များကို ဒေါ်ခင်ခင်အိက တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။