အပူပိုင်းသုတေသန အစီရင် ခံစာထုတ်ပြန်မှု အခမ်း အနား ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်
2014.06.30

ကမ္ဘာကြီးပူနွေးလာနေတဲ့ အခြေအနေ ရဲ့ အကျိုး ဆက်တွေကို လေ့လာ သုတေသနပြုခဲ့ကြတဲ့ အဖွဲ့တွေရဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့အခမ်းအနားကို ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်မှာ မနေ့က ကျင်းပခဲ့ ရာမှာ အမျိုးသားဒီမိုကျရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး အမှာစကားပြောကြားခဲ့ပါ တယ်။
The State of the Tropics 2014 အမည်ရှိတဲ့ စာ မျက်နှာငါးရာပါ အဲဒီ အစီရင်ခံစာမှာ ကမ္ဘာကြီး ပူနွေးလာ တာနဲ့အမျှ အပူပိုင်း ဒေသတွေရဲ့ လူမှုရေး၊ စီးပွားရေး နဲ့ သဘာဝ ဇီဝလောကအပေါ် အကျိုး သက်ရောက် မှု အကောင်းအဆိုး တွေ၊ လာမယ့်ရှေ့ကာ လတွေမှာ ကြုံတွေ့လာနိုင်တဲ့ အခြေအနေတွေကို သြစတေး လျ နိုင်ငံ james Cook တက္ကသိုလ် ဦးဆောင်တဲ့ အပူပိုင်းဒေသ တက္ကသိုလ်တွေက သုတေသနဌာန ၁၂ ခုတို့ သုံးနှစ်တာ လေ့လာချက်တွေအရ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။
အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အရာရာမှာ ပညာရေး အခန်းကဏ္ဍ ရဲ့ အရေးကြီးပုံကို အလေးပေး ပြော ကြားခဲ့ပါတယ်။ ပညာရေး နဲ့ အသိအမြင်ကြွယ်ဝမှုဟာ ဖွံ့ဖြိုးတိုးတက်ရေးကအစ၊ လူထု ကျန်းမာရေး အထိ သက်ရောက်မှု ရှိကြောင်း၊ ကျန်းမာရေးနဲ့ပြည့်စုံတဲ့လူ့ဘောင်တစ်ရပ်မှာ ပညာ ကောင်းကောင်း သင်ယူထားတဲ့ လူထု လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ တီဘီ အဆုတ်နာရောဂါ ဟာ အကြီးမားဆုံးပြဿနာဖြစ်နေပါတယ်၊ ဒါကလည်း ကျမတို့ပြည် သူတွေ ဆေးကို မှန်မှန်ကန်ကန် နဲ့ ပုံမှန်မသောက်နိုင်ကြလို့ဖြစ်ပါတယ် လို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။