လူနည်းစုဆန္ဒကို လေးစား ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2013.08.22

ဒီမိုကရေစီရဲ့ အနှစ်သာရဟာ အများရဲ့ဆုံးဖြတ်ချက်နဲ့ ဆန္ဒအတိုင်း လုပ်ကိုင်ဆောင်ရွက်ရတာဆိုပေမယ့်၊ လူနည်းစုရဲ့ ဆန္ဒတွေကိုလည်း လေးစားတန်ဖိုးထား ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာတဲ့ ရန်ကုန်တိုင်း သာကေတမြို့နယ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာပါ။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဒီမိုကရေစီအရေးနဲ့ အမျိုးသားရေးကို အခြေခံထားတဲ့ ပါတီအဖွဲ့အစည်းဖြစ်တဲ့အတွက် ဒီမိုကရေစီ အခြေခံလုပ်ပုံလုပ်နည်းတွေနဲ့ ဆက်သွားဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အခုနှစ်ပိုင်းအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေဟာ လွှတ်တော်ကို မကြာခဏ လာရောက်လေ့လာနေကြပါတယ်။