ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး အထောက်အကူပြု ဆွေးနွေးပွဲ ကျင်းပ
2013.02.20

အဲဒီဆွေးနွေးပွဲကို ဒိန်းမတ်နိုင်ငံက Danish Institute for Parties and Democracy (DIPD) အဖွဲ့၊ နယ်သာလန်နိုင်ငံက Netherlands Institute for Multiparty (NIMD)အဖွဲ့တွေနဲ့ မြန်မာနိုင်ငံက ငြိမ်းဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ငြိမ်းဖောင်ဒေးရှင်း မန်နေဂျာ ဒေါ်နန်ရော်က RFA ကို အခုလို ပြောပါတယ်။
"ပါတီစုံဆိုတဲ့ အနှစ်သာရက ကျွန်မတို့ဆီမှာ အရမ်းနည်းနေသေးတယ်၊ မြန်မာနိုင်ငံအခြေအနေက ဘာမဆို အချိန်ကိုစောင့်မနေပဲနဲ့ အလိုလိုဖြစ်လာမယ့်ဟာတွေကို မစောင့်ပဲနဲ့ ကျွန်မတို့ဘေးကနေ ပံ့ပိုးတဲ့တွန်းအားတွေ၊ တခြားဒီမိုကရေစီထွန်းသစ်စ နိုင်ငံတွေမျာလည်း အတွေ့အကြုံရှိတဲ့ အဖွဲ့အစည်းတွေကလည်း အများကြီးရှိနေတော့ အဲ့အဖွဲ့အစည်းတွေရဲ့အားကိုရယူတာတွေရှိပါတယ်"
နှစ်ရက်ကြာကျင်းပမယ့် အဲဒီအလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့က အဖွဲ့ဝင် ကိုယ်စားလှယ်နှစ်ဦးနဲ့ နိုင်ငံရေးပါတီ ၅၀ နီးပါးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။