ဗြိတိသျှ ဝန်ကြီးချုပ်ထံ ဒီမိုကရေစီ အဖွဲ့များ အိတ်ဖွင့်ပေးစာပို့

ဗြိတိန်နိုင်ငံမှာရှိတဲ့ မြန်မာတိုင်းရင်းသား အဖွဲ့အစည်း လေးဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်) တို့ကနေ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းထံကို အိတ်ဖွင့်ပေးစာ တစောင် ဖေဖော်ဝါရီ ၂၃ ရက် မနေ့က ပေးအပ်ခဲ့ပါတယ်။

2011.02.24
britain_prime_minister_ethnic_305_z.png လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှ ဝန်ကြီးချုပ်၏ နေအိမ်ရှေ့တွင် ဆရာတော် ဦးဥတ္တရ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုယ်စားလှယ်နှင့် ကချင်၊ ချင်း၊ ကရင်၊ မွန် တိုင်းရင်းသား ကိုယ်စားလှယ်များ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo Courtesy of Democracy Activists from London)
(Photo Courtesy of Democracy Activists from London)

ဗြိတိသျှ ဝန်ကြီးချူပ်ရုံးကို လန်ဒန်မှာရှိတဲ့ သာသနရံသီ ဝိဟာရ ဆရာတော် ဦးဥတ္တရ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်) တို့ကနေ အဲဒီ အိတ်ဖွင့်ပေးစာကို သွားရောက် ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ပေးစာ နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ လန်ဒန်ဌာနခွဲ ဥက္ကဋ္ဌ ဒေါက်တာဝင်းနိုင်က RFA ကို အခုလို ပြောပြပါတယ်။

“မကြာသေးခင်က ဖွဲ့လိုက်တဲ့ ပါလီမန်ဟာ အတုအယောင် ပါလီမန်ဖြစ်တယ်။ ပြည်သူလူထုကနေ ကိုယ်စားမပြုတဲ့ ပါလီမန်ဖြစ်တဲ့အတွက် နိုင်ငံတကာမှာ ရှိတဲ့ အစိုးရတွေကနေ စုပေါင်းပြီး ဒီပါလီမန်ကို အသိအမှတ်မပြုဖို့ အမြန်ဆုံး တောင်းဆိုတယ်။ နောက်တခုက မကြာသေးခင်ကပဲ စစ်အုပ်စုကနေ ထုတ်လိုက်တဲ့ သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို ဆက်ပြီး လုပ်နေမယ်ဆိုရင် will meet a tragic end လို့ ခြိမ်းခြောက်တာဟာ တရားမမျှတဲ့ဟာ ဖြစ်တယ် ။ ဒါဟာ အစိုးရတခုရဲ့ မလုပ်သင့် တာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် တခုခုဖြစ်သွားရင် အစိုးရမှာ တာဝန်ရှိတယ်ဆိုတဲ့ အကြောင်းကို ကျနော်တို့က ထောက်ခံတယ် ။ ထို့အတူ အဲဒါကို အမေရိကန်အစိုးရက ထောက်ပြပြီး ရှုတ်ချတဲ့အတွက်လည်း ဒီ ဗြိတိသျှအစိုးရကလည်း အမေရိကန်အစိုးရနဲ့ တွဲပြီး အဲဒါမျိုး အမြန်ဆုံး တွဲပြီး လုပ်ဖို့ စစ်အုပ်စုကို အမြန်ဆုံး ဖိအားပေးဖို့ ကို ကျနော်တို့ဝန်ကြီးချုပ်ထံကို ပို့ပေးလိုက်ပါတယ်။”

ဝန်ကြီးချုပ်ရုံးရဲ့ တုံ့ပြန်ချက်နဲ့ ပတ်သက်လို့လည်း ဒေါက်တာဝင်းနိုင်က ခုလို ပြောပါတယ်။

“လုံခြုံရေးအရာရှိကနေ လက်ခံယူပါတယ်။ သူကနေ ဝန်ကြီးချုပ်ထံကို တင်ပြပေးမဲ့အကြောင်း ဝန်ကြီးချုပ်ဆီကနေ ကျနော်တို့ဆီကို တုံ့ပြန်စာ ပြန်စာပေးမဲ့ အကြောင်းကို ပြောလိုက်ပါတယ်ခင်ဗျ။ သူတို့ကလည်း ကျနော်ဆီကို အမြဲတမ်း သူတို့ကတော့ အမြဲတမ်းပါပဲ ကျနော်တို့ စာပေးလို့ရှိရင် ကျေးဇူးတင်ကြောင်း နောက်ဘာတွေ ဆောင်ရွက်နေတယ်ဆိုတာကို တုံ့ပြန်တဲ့စာကို ပေးပါတယ်။”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။