ပြည်နယ်နဲ့ တိုင်း ၁၁ ခုမှာ မိုးကြီးနိုင်


2017.09.15
doksuri-622.jpg တိုင်ဖွန်းမုန်တိုင်း DOKSURI ရဲ့ ရွေ့လျှားသွားမယ့်ခန့်မှန်းလမ်းကြောင်းပြပုံ
Photo: Tun Lwin facebook

တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်နေတဲ့ ဒေါ့ဆူရီ တိုင်ဖွန်းမုန်တိုင်းကနေ လွင့်လာတဲ့တိမ်တိုက်တွေကြောင့် မြန် မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၁ ခုမှာ မိုးထစ်ချုန်းရွာပြီး နေရာအလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် တောင်ပေါ်ဒေသတွေမှာ မြေပြိုတာ ၊ မြစ်ကမ်းနံဘေးနေထိုင်သူတွေအနေနဲ့ မြစ်ကမ်းပါးပြိုတာတွေကို သတိထားဖို့လိုတယ်လို့ မိုးလေဝသနဲ့ ဇလဗဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"ရေကြီးမှုဖြစ်စဉ် ဖြစ်တဲ့အခါကျတော့ နေရာကွက်မိုးကြီးတာ ဒေသအလိုက် မိုးကြီးတာတွေကျတော့ ရှမ်းပြည်နယ်တို့ ဘာတို့ တောင်ပေါ်ဒေသတွေမှာ မြေပြိုမှု ဘေးအန္တရာယ်တို့ နောက်တစ်ခု ကတော့ မြစ်ငယ်ချောင်းငယ်လေးတွေမှာ ရေလျှံမှုလေးတွေ ရုတ်တရက်ဖြစ်နိုင်တယ်။ ဒီဟာ မျိုးလေးတွေ သတိပေးဖို့လိုပါတယ်"

အပူပိုင်းမုန်တိုင်း ဒေ့ါဆူရီက လွင့်လာတဲ့တိမ်တွေကြောင့် ဒီကနေ့ ညနေပိုင်းကစပြီး စက်တင်ဘာ ၁၆ ကနေ ၁၈ ရက်အထိ ရှမ်း၊ ကယား၊ မွန်၊ ကရင် ၊ တနင်္သာရီ၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန် စတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ကလည်း မုန်တိုင်းကြောင့် လေဒဏ်၊ မိုးဒဏ်အပြင် မိုးတိမ်တောင်ကြောင့် မိုးကြိုးပစ်တာ၊ တောင်ကျချောင်းရေကျတာ စတာတွေကို သတိပြုဖို့ ပြောပါတယ်။

ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတွေမှာ လေပြင်းအန္တရာယ် သတိပြုဖို့လိုအပ်ပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်တွေမှာတော့ မိုးရွာနိုင်တယ်လို့ ဦးထွန်းလွင်ရဲ့ လူမှု ကွန်ယက်စာမျက်နှာမှာ သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။