လိုအပ်ရင် တာဝန်က နုတ်ထွက် မယ်လို့ ANP ဥက္ကဌ ဒေါက် တာအေးမောင် ပြောဆို


2015.11.09
ayemaung-interview-620.jpg ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ကို နိုဝင်ဘာလ ၉ ရက်နေ့က စစ်တွေမြို့ သူ့နေအိမ်မှာ တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် လိုအပ်ရင် ပါတီဥက္ကဌတာဝန်က နုတ်ထွက်မယ် လို့ ရခိုင်အမျိုးသား ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

အာအက်ဖ်အေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဒေါက်တာ အေးမောင်က အခုလို ပြောဆိုခဲ့ပါတယ်။

"ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကာလမှာ ကျနော်ကိုယ်တိုင်နိုင်အောင် တတ်နိုင်သလောက် ကြိုးစားသော်လည်း၊ ပြည်နယ်တည်ဆောက်ရေးကို မဦးဆောင်နိုင် တဲ့အခါမှာ တာဝန်ကျနော့်မှာရှိပါတယ်၊ အဲ့တွက်လည်း ဥက္ကဌ ရာထူးကို သင့်လျော်တဲ့လူငယ်၊ လူရွယ်တွေရှိရင်လည်းရွေးထားပေး၊ ကျနော်ကတော့ အဆင်သင့်ပဲ၊ ပါတီဘက်ကသဘောတူရင် ကျနော့်ဘက်က ပါတီဥက္ကဌ ရာထူးကနေ နှုတ်ထွက်ပေးဖို့ အဆင့်သင့်ရှိပါတယ်"

ဒေါက်တာအေးမောင်ဟာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ကနေ ပြည်နယ်လွှတ်တော်အတွက် ယှဉ်ပြိုင်ရာမှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ တာပါ။ မဲရလဒ်တွေကတော့ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်က ကြေညာမှ အတည်ဖြစ်မှာပါ။

ဒေါက်တာအေးမောင်ဟာ လက်ရှိအမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး နိုင်ငံတော် သမ္မတ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ဒေါ်အောင်ဆန်း စုကြည် ၊ လွှတ်တော်ဥက္ကဌ ၂ ဦးပါဝင်တဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့သူဖြစ်ပါတယ်။

ဒေါက်တာအေးမောင် ကို စစ်တွေမြို့က သူ့ရဲ့နေအိမ်မှာ RFA သတင်းထောက် ကိုမင်းသိန်းအောင် တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။