ဒေါက်တာတင်မျိုးဝင်း မနက်ဖြန် နှလုံးခွဲစိတ်ကုသမှုခံယူမည်
2017.08.20

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင် မျိုးဝင်းဟာ စင်္ကာပူနိုင်ငံမှာ မနက်ဖြန် နှလုံးခွဲစိတ်ကုသမှုခံယူ မှာဖြစ်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောပါတယ်။
ဒေါက်တာတင်မျိုးဝင်းဟာ နှလုံးသွေးကြောလေးတွေ ပိတ်နေတဲ့အတွက် ပိုပြီးစိတ်ချရအောင် စင်္ကာပူနိုင်ငံမှာ သွားရောက်ကုသဖို့ ဆုံးဖြတ်လိုက်တာလို့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို က ပြောပါတယ်။
"အခြေအနေကကောင်းပါတယ်၊ ပိုစိတ်ချရတဲ့နေရာကို သွားလုပ်တဲ့သဘောပါ၊ နှလုံးကိုပို့ တဲ့ သွေးကြောလေးတွေ ပိတ်တာပေါ့၊ သွားတာက မနေ့ကသွားတာ၊ ခွဲစိတ်ကုသချိန်ကတော့ သိပ်ကြာမှာ မဟုတ်ပါ ဘူး၊ နဲနဲလေးနားဖို့တော့လိုမယ်၊ မနက်ဖြန်တော့ ခွဲမယ်လို့သိရတယ်၊ ဒီကဆရာဝန်ကြီး တစ်ယောက်တော့လိုက်သွားပါတယ်၊ ကျနော်တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သူ့အတွက်လည်း အထူးကု ဆရာဝန်တွေပါတဲ့ ကုသရေးအဖွဲ့ရှိပါတယ်"
ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ရင်ဘတ်အောင့်ဝေဒနာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသခံ ယူနေရင်းကနေ ဒေါက်တာတင်မျိုးဝင်းအတွက် ရန်ကုန်ဆေးရုံကြီးက အထူးကုဆရာဝန်ကြီးတွေ ပါဝင် တဲ့ ကုသရေးအဖွဲ့က စင်္ကာပူနိုင်ငံမှာ သွားရောက်ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
ဒေါက်တာတင်မျိုးဝင်းဟာ မနေ့က စင်္ကာပူနိုင်ငံကိုထွက်ခွာသွားတာဖြစ်ပြီး သူ့အတွက်ပြုစုစောင့်ရှောက် ဖို့ နှလုံးရောဂါဌာနက ပါမောက္ခဆရာဝန်ကြီး တစ်ဦးလည်း လိုက်သွားပါတယ်။
ဒေါက်တာတင်မျိုးဝင်းဟာ ဆေးကုသမှုခံယူပြီးရင် အချိန်ကာလတစ်ခုတော့ အနားယူဖို့လိုမယ်လို့ လည်း ဒေါက်တာအေးကိုကိုက ပြောပါတယ်။