တိုင်းရင်းသား အဆင့်မြင့်အဖွဲ့က အချက် ၄ ချက် အဓိက ဆွေးနွေးမည်
2015.07.19

ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ၈ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း ရေးဆွဲနိုင်ရေး အတွက် အချက်လေးချက်ကို မူတည်ပြီး ဆွေးနွေးသွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ EAO’s SD က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အဖွဲ့ရဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇူလိုင်လ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ကျင်းပခဲ့တာဖြစ်ပြီး အဓိက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ရွေးကောက်ပွဲမတိုင်ခင် လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေတာဖြစ် ပါတယ်။ သူတို့အဖွဲ့ က အဓိက ဆွေးနွေးမယ့် အကြောင်းအရာများနဲ့ ပတ်သက် ပြီး အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးပူးဇင်ကျုံး က ပြောပါတယ်။
"လော်ခီးလာ ညီလာခံကနေချမှတ်လိုက်တဲ့ မူကြမ်းပါအချက်အလက်တွေ၊ နောက်တစ်နိုင်ငံလုံး အပစ်အခတ်ရေး ဆိုင်ရာ စာချုပ်တွေမှာ ဘယ်သူလက်မှတ်ရေးထိုး ကြမယ်ဆိုတဲ့ ကိစ္စရယ်၊ နောက်တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးစာချုပ်မှာ ဘယ်အဖွဲ့အစည်းတွေက လက်မှတ်ရေးထိုးမလဲဆိုတဲ့ ကိစ္စတွေကို ကျနော် တို့ဆွေးနွေးဖို့ရှိပါတယ်၊ ဒီဆွေးနွေးမှုတွေကနေမှ အချောသတ်မူကြမ်း ထွက်လာမယ်လို့ ကျနော်ယုံကြည်ပါတယ်"
ဇူလိုင်လ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော် မတီနဲ့ အစည်းအဝေးကိုတက်ရောက်ဖို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို နော်စီဖိုးရာစိန် ဦးဆောင်ပြီး အဖွဲ့ဝင် ၁၅ ဦး တက်ရောက်မှာဖြစ်ပါတယ်။ သူတို့ အဖွဲ့ဟာ ရန်ကုန်မြို့ကို မနက်ဖြန်ထွက်ခွာ မှာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန်ကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။