ကိုယ်စားလှယ်စာရင်း နောက်ဆုံးရ
2015.11.13

နိုဝင်ဘာလ ၁၃ ရက် နေ့လည် ၁၂ နာရီအထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ပြည်သူ့ လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၂၃၈ ဦး ၊ အမျိုးသားလွှတ်တော် အတွက် ၁၁၀ ဦး ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အတွက် ၄၀၁ ဦး ရှိနေပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အတွက် ၂၈ ဦး ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၆၁ ဦး ရရှိနေပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၁၂ ဦး ၊ အမျိုးသားလွှတ်တော်အတွက် ၃ ဦး၊ ပြည်နယ်အတွက် ၂၆ ဦး ရရှိနေပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ် ( တိုင်းရင်းသားလူမျိုး ) လွှတ်တော်ကိုယ်စားလှယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁ဝ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ၂ ဦး၊ ရခိုင်အမျိုးသားပါတီ ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦး၊ လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ ( ဒူးလေးပါတီ ) ၁ ဦး၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ ဦး၊ အာခါအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ ၁ ဦး တို့ဖြစ်ပါသည်။