ကိုယ်စားလှယ်စာရင်း နောက်ဆုံးရ
2015.11.12

နိုဝင်ဘာလ ၁၂ ရက် နေ့လည် ၁၂ နာရီအထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၁၉၆ ဦး အမျိုးသားလွှတ်တော်အတွက် ၉၅ ဦးနဲ့ အနိုင်ရနေပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃၁၄ ဦး ရရှိနေပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အတွက် ၂၃ ဦး အမျိုးသားလွှတ်တော်အတွက် ၁ဝ ဦး ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၃၉ ဦး ရရှိနေပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၁၂ ဦး အမျိုးသားလွှတ်တော်အတွက် ၃ ဦး ၊ တိုင်းဒေသကြီးမှာ ၁၄ ဦး ရရှိနေပါတယ်။
ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်အတွက် ၃ ဦး ၊ အမျိုးသားလွှတ်တော်အတွက် ၂ ဦးရရှိနေပါတယ်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၂ ဦး အမျိုးသားလွှတ်တော်အတွက် ၂ ဦးနဲ့ ပြည်နယ် လွှတ်တော်အတွက် ၂ ဦး ရရှိနေတာ ဖြစ်ပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၂ ဦးနဲ့ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ ရရှိပါတယ်။