ရွေးကောက်ပွဲစောင့်ကြည့် ဖို့ လျှောက်လွှာတင်သူ ၆ ထောင်ကျော် ရှိ
2015.10.22

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ လျှောက်လွှာတင်ထားသူပေါင်း ၆ ထောင် ကျော် ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကပြောပါတယ်။
ပြည်တွင်းအဖွဲ့အစည်း ၉ ခုက လျှောက်လွှာတင်သူပေါင်း အခုထိ ၆၂၆၁ ဦးရှိပြီလို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောပါတယ်။
ရွေးကောက်ပွဲ စောင့်ကြည့်ရေး လျှောက်လွှာတွေကို အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်း ရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေက စောင့်ကြည့်လေ့လာသူ ၂ဝ၂ ဦးကိုလည်း ခွင့်ပြုထားတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ မဲရုံအရာရှိတွေ၊ မဲဆန္ဒရှင်တွေနဲ့ လျှို့ဝှက်မဲပေးစနစ်ကို အနှောင့်အယှက်မပြုဘဲ၊ တည်ဆဲဥပဒေတွေနဲ့ ကျင့်ဝတ်တွေကို လိုက်နာ ရမှာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ က ပြောပါတယ်။
ပြည်တွင်း က ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ PACE ခေါ် "ယုံကြည်ရသော ရွေးကောက်ပွဲ များပေါ်ပေါက်ရေး၊ ပြည်သူများပူးပေါင်းလှုပ်ရှားမှု အဖွဲ့"က အဖွဲ့ဝင်နှစ်ထောင်နဲ့ မြို့နယ် ၁၁၀ မှာ လေ့လာ စောင့်ကြည့်မှာဖြစ်ပါတယ်။