ကြားဖြတ်ရွေးကောက်ပွဲကို မဲဆန္ဒရှင်အများစု စိတ်ဝင်စားမှု နည်းကြောင်း PACE အဖွဲ့ ထုတ်ပြန်


2017.02.13
saiyekyawswarmyint-620.jpg PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/ RFA

လစ်လပ်မဲဆန္ဒနယ်တွေက မဲဆန္ဒရှင် အများစုဟာ ကြားဖြတ်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိတာကို တွေ့ရှိ ရကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်တဲ့ PACE အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းကစပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် ပြည်နယ်နဲ့တိုင်းဒေသ ၈ ခု က လစ်လပ် မဲဆန္ဒနယ်မြေတွေမှာ မဲဆန္ဒရှင်စာရင်း လိုက်လံကောက်ယူရင်း တွေ့ရှိရတာဖြစ်တယ်လို့ PACE အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့် က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကို မြို့ပြက မဲဆန္ဒရှင်တွေရဲ့ ဖြေဆိုသူ ၆၀ ရာခိုင်နှုန်း ကျော်လောက် ကသာ သိရှိကြပြီး ကျေးလက်ဒေသမှာတော့ ၅၄ ရာခိုင်နှုန်းလောက်သာ သိရှိကြတယ်လို့ ပြောပါတယ်။

လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ်မြေ ၁၉ ခုမှာ ကျင်းပမှာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၂ သန်းရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ကြေညာထားပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကိုလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ပေမယ့် လာရောက်ကြည့်ရှုကြသူတွေ မရှိသလောက် နည်းနေတယ်လို့လည်း PACE အဖွဲ့က ပြော ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။