သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို အားလုံး ဝိုင်းဝန်း လုပ်ကြဖို့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ ဗဟန်း ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီခြံမှာ ကျင်းပတဲ့ Live Together with Wetland “ရေတိမ်ဒေသ အလှတွေနဲ့ အတူ” ဓာတ်ပုံပြပွဲမှာ တိုက်တွန်းသွားပါတယ်။

2012.01.27
assk-environ-photo-b305 ရန်ကုန်မြို့ ဗဟန်းရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီခြံမှာ ကျင်းပသော Live Together with Wetland “ရေတိမ်ဒေသအလှတွေနဲ့အတူ” ဓာတ်ပုံပြပွဲကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှု့နေစဉ်။ (Photo courtesy of Maw Pyay)
RFA

ဓာတ်ပုံပြပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး အပြီး အဖွင့်မိန့်ခွန်းမှာ အဲဒီလို ပြောကြားသွားကြောင်း ဓာတ်ပုံဆရာ ဦးစိန်မျိုးမြင့်က ပြောပြပါတယ်။

သဘာဝအလှတွေကို စောင့်ထိန်းတာဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့တာဝန်ဖြစ်တဲ့ အကြောင်း၊ အနုပညာရှင်တွေ ပါဝင်အားပေးတဲ့ အတွက်လည်း အတော် ထိရောက်နိုင်တဲ့ အကြောင်းနဲ့ လူကြီးလူငယ် အားလုံး နိုင်ငံရဲ့ သဘာဝအလှ တန်ဖိုးကို သိပြီး လုပ်ဆောင်နိုင်ကြပါစေကြောင်း ကိုလည်း ဓာတ်ပုံပြပွဲ အမှတ်တရ အဖြစ် ဒေါ်အောင်ဆန်းစုကြည်က မှတ်တမ်း ရေးသားသွားပါတယ်။

မြန်မာငှက်နဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းက ကြီးမှူး ကျင်းပတဲ့ ဒီဓာတ်ပုံပြပွဲမှာ ဧရာဝတီမြစ်ဆုံ ရေကာတာ ပတ်ဝန်းကျင်က လွဲလို့ နိုင်ငံတစ်ဝန်းက ရေတိမ်ဒေသ အလှတွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ပြထားတာလို့ ဦးစိန်မျိုးမြင့်က ပြောပါတယ်။

ဓာတ်ပုံပြပွဲကို ဒီနေ့က စပြီး ဇန်နဝါရီ ၂၉ ရက် အထိ ခင်းကျင်းပြသထားပါမယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။