မြန်မာ့ဖွံ့ဖြိုးရေး အီးယူ သုံးနှစ် ကူမည်
2014.11.25
မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ တခြားကိစ္စတွေအတွက် တစ်နှစ်ကို ယူရိုငွေ ၂၅၇ သန်း နဲ့ သုံးနှစ် အကူအညီပေးမယ်လို့ အီးယူ ဥရောပသမဂ္ဂက မနေ့က ကြေညာခဲ့ပါတယ်။ဒီအစီအစဉ်ကို ဒီနှစ်က စတင်မှာဖြစ်ပြီး ၂၀၁၆ ခုနှစ်အထိ ကူညီသွားမှာဖြစ် ပါတယ်။
အီးယူရဲ့ အကူအညီနဲ့ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေး၊ အရပ်ဘက်အဖွဲ့အစည်း စတဲ့ နယ်ပယ်တွေမှာ အသုံးပြုဖို့ဖြစ်ပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးဟာ ပထမဦးစားပေးအစီအစဉ်ဖြစ်ပြီး ယူရိုငွေ သန်း ၇၀ အသုံးပြုမှာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပါအဝင် နိုင်ငံရေးအပြောင်းအလဲ အတွက် ယူရို ၃၁ သန်း၊ ငြိမ်းချမ်းရေး နဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် ယူရိုသန်း ၃၀ သုံးစွဲမယ်လို့ မြန်မာဆိုင်ရာ အီးယူ သံအမတ် Roland Kobia က ပြောပါတယ်။