အစိုးရတပ် စစ်ယာဉ်တန်းကို လက်နက်ကိုင်တချို့ ခြုံခိုပစ်ခတ်


2014.09.27
army_patrol_305_z.jpg တိုင်းရင်းသား ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ကရင်ပြည်နယ် မြဝတီမြို့မှာ အစိုးရတပ်က တပ်ဖွဲ့ဝင် အယောက်တစ်ရာကျော်ပါရှိတဲ့ စစ်ယာဉ်တန်းကို မြို့အဝင်နားမှာ အမည်မသိသူတချို့က ချောင်းမြောင်း တိုက်ခိုက်တဲ့အတွက် အစိုးရတပ်ဖက်က သေဆုံးမှု နဲ့ ဒဏ်ရာရမှုရှိတယ်လို့ မျက်မြင်တွေကပြောကြပြီး၊ မြို့နေပြည်သူကြားမှာလဲ အထိတ်တလန့်ဖြစ်သွား တယ်လို့သိရပါတယ်။

မနက် ၁၁ နာရီလောက်မှာဖြစ်ခဲ့တဲ့ အဲဒီခြုံခိုတိုက်ခိုက် သူတွေဟာ ဘယ်အဖွဲ့ကလဲဆိုတာ မသိရသေးတဲ့ အကြောင်း မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရှေ့တန်းထွက်လာတဲ့ ကားယာဉ်တန်းကို ပစ်သွား တယ်၊ မြို့အဝင်နားမှာ ခြံဝင်းထဲကနေချောင်းပစ်တာ ဘယ်သူမှန်းမသိဘူး၊ ခြံဝင်းတွေကတော့ ငြိမ်းချမ်းရေး အဖွဲ့တွေကို ပေးထားတဲ့ ခြံဝင်းတွေပဲလေ၊ ၂ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရသွားတယ် လို့ကြားတယ်၊ ဖြစ်စဉ်က ၁၅ မိနစ်လောက်ပဲ ကြာလိုက်တယ်"

အနည်းဆုံး ၂ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တစ်ဖွဲ့က အမည်မဖေါ်လိုသူ မျက်မြင်တစ်ဦးကပြောပေမယ့်၊ ရဲစခန်းနဲ့စစ်တပ်ကတော့ အတည်ပြုပြောဆိုမှု မရှိပါဘူး။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးကြီးတိုက်ဂါးကတော့ ပြီးခဲ့တဲ့သတင်းပတ်မှာ ယူနီဖေါင်း နဲ့လက်နက်တွေကိုင်ပြီး မြို့ထဲမဝင်ရဆိုတဲ့ စစ်တပ်နဲ့ အပြန်အလှန်စာထုတ်ပြီးတဲ့နောက်ပိုင်း အခြေအနေတွေ ထပ်ပြီးရှုပ်ထွေးမှုမဖြစ်အောင် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက မြဝတီမြို့ကနေ ရှောင်နေခဲ့တယ်လို့သိရပါတယ်။

ဒီကေဘီအေတပ်ဖွဲ့နဲ့အစိုးရတပ်တွေအကြား ဖြစ်ခဲ့တဲ့တိုက်ပွဲတွေအကြောင်းကို  RFA သတင်းထောက် ကိုမိုးကျော်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။