မြန်မာတွေ ဧဝရက်တောင်ထိပ် ရောက်ပြီ
2016.05.19

Photo: Myanmar Flag on Everest
မြန်မာတောင်တက်သမား ၂ ဦးဟာ အမြင့်ပေ ၂၉ဝ၂၉ ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို ဒီကနေ့ မနက်က တက်ရောက်နိုင်ခဲ့ပါပြီ။ ဒါဟာ ဧဝရက်တောင်ထိပ်ကို မြန်မာတွေ ပထမဆုံး တက်ရောက်နိုင်ခဲ့ တာဖြစ်ပြီး တောင်ထိပ်မှာ မြန်မာနိုင်ငံအလံကို စိုက်ထူခဲ့ကြောင်း မြန်မာနိုင်ငံ တောင်တက်အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
ကိုပြည့်ဖြိုးအောင်၊ ကိုဝင်းကိုကိုနဲ့ ဒေသခံလမ်းပြ ၄ ဦးပါတဲ့ တောင်တက်အဖွဲ့ဟာ ဒီကနေ့မနက် ၇ နာရီ ၁၇ မိနစ်မှာ တောင်ထိပ်ကို ရောက်ရှိခဲ့ကြောင်း ဒီခရီးစဉ်ကို ကူညီပံ့ပိုးပေးတဲ့ ထူးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးတေဇရဲ့ Facebook လူမှုရေးစာမျက်နှာမှာ ရေးသားထား ပါတယ်။
အခုလို မြန်မာ ၂ ဦး ဧဝရက်တောင်ထိပ်မှာ မြန်မာနိုင်ငံအလံကို လွှင့်ထူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။