လက်ပံတောင်းအရေးလှုပ်ရှားသူ ကိုသော်ဇင် လွတ်မြောက်
2014.09.26
တရုတ်ဝမ်ပေါင်နဲ့ စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ဆောင်ရွက်နေတဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဒေသကရွာတွေမှာ ပြီးခဲ့တဲ့နှစ်ဧပြီလက ဒေသခံတွေရဲ့ ထွန်တုံးတိုက်ပွဲကို ဦးဆောင်တယ်လို့ စွပ်စွဲပြီး ထောင်ချခံထားရတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ရက်က ကိုသော်ဇင်ကို လွတ်ရက်စေ့တဲ့အတွက် မုံရွာအကျဉ်းထောင်ကနေ ဒီနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ကိုသော်ဇင်က RFA ကိုအခုလိုပြောပါတယ်။
"ချတုန်းက ၁ နှစ်နဲ့ ၃ လဗျ၊ အားလုံးပေါင်းကို ၁၅ လချတာကို ၆ လ အယူခံတင်တယ်ပေါ့ဗျာ၊ ပုဒ်မ ၁၈၈ ကို အယူခံတင်နိုင်ပြီးတော့ ပယ်လိုက်တယ်"
ကိုသော်ဇင်ဟာ လက်ပံတောင်းတောင်ဒေသခံတွေကို ကူညီခဲ့တာမှန်ပေမဲ့ တရားလိုတွေစွပ်စွဲတဲ့ ၂၀၁၃ ဧပြီလက ထွန်တုံးတိုက်ပွဲကို သူဦးဆောင်တဲ့ဆိုတဲ့ကိစ္စဟာ မှန်ကန်မှုမရှိဘဲ အဲဒီအချိန်က သူရန်ကုန်မှာပဲရှိနေတာလို့ပြော ပါတယ်။
အဲ့ဒီလက်ပံတောင်းဒေသခံတွေကို ကူညီမှုနဲ ပဲ ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခံထားရတဲ့ သူတို့အဖွဲ့က ကိုအောင်စိုး ကတော့ မန္တလေးအကျဉ်းထောင်မှာ ကျန်နေသေးသလို၊ ဝရမ်းပြေးကြေညာခံထားရသေး တဲ့သူတွေက ၆ ယောက်ရှိတယ်လို့ဆိုပါတယ်။
ကိုသော်ဇင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။