မောင်တောဒေသခံတွေ သေဆုံးမှု သံသယရှိသူ ၄ ဦးကို ဖမ်းဆီးကြောင်း သတင်းထွက်ပေါ်


2018.12.21
maramargyi-attack-622.jpg တိုက်ခိုက်ရိုက်နှက်ခံခဲ့ရတဲ့ မာရမာကြီး တိုင်းရင်းသားတစ်ဦး (အကျီအဝါ) ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မာရမာကြီးလူမျိုးတွေ တိုက်ခိုက်ခံရတာကြောင့် ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိတာတွေနဲ့ ပတ်သက်ပြီး မောင်တောမြောက်ပိုင်း ရေတွင်းပြင်ကျေးရွာက သံသယရှိတဲ့ မိသားစုတစ်စုကို မနေ့နေ့လယ်ပိုင်းက နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မနေ့ကနေ့လယ် ၁ နာရီလောက်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ တပ်မတော် အင်အား ၁၅၀ လောက်ဟာ ရေတွင်းပြင်ကျေးရွာကို ရောက်ရှိလာပြီး အဲဒီကျေးရွာမှာနေထိုင်တဲ့ အသက် ၃၀ အရွယ် မိုဟာမတ်အလီရဲ့ နေအိမ်ကို ရှာဖွေရာမှာ မိုဟာမတ်အလီကို မတွေ့ရှိတာကြောင့် ဇနီး၊ သားနှစ်ဦးနဲ့ ဇနီးရဲ့ မောင်ဖြစ်သူတို့ စုစုပေါင်း လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရိုဟင်ဂျာဘလော့ အွန်လိုင်းစာမျက်နှာက ရေးသားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင်တောမြို့နယ် ရဲစခန်းနဲ့ ခရိုင်ရဲတပ်ဖွဲ့ကို ဆက်သွယ်ရာမှာ အဆက်အသွယ် မရရှိခဲ့ပါဘူး။

မောင်တောမြို့နယ် အထက်ပြူးမရွာနားမှာ ဒေသခံတိုင်းရင်းသား ၄ ယောက်တိုက်ခိုက် ခံရပြီးတဲ့နောက် လုံခြုံရေး တပ်တွေက နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။