၂၁ ပင်လုံကို FPNCC အနေနဲ့ ဖိတ်ကြားရင် တက်ရောက်မည်


2017.12.19
fpncc-622.jpg မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ရဲ့ FPNCC ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီကို တွေ့ရစဉ်
Photo: FPNCC Facebook

လာမယ့်ဇန်နဝါရီလကုန်လောက်မှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံကို တစ်ဖွဲ့ချင်းစီမဟုတ်ဘဲ မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ ပါဝင်တဲ့ FPNCC ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီအနေနဲ့ ဖိတ်ကြားလာ မယ်ဆိုရင် တက်ရောက်မယ်လို့ TNLA ဗိုလ်မှူးချုပ် တာဖုန်းကျော်က ဒီနေ့ ပြောပါတယ်။

FPNCC ရဲ့ မူအတိုင်းပဲ တက်ရောက်ဖို့ ဖြစ်နိုင်မယ်လို့ PSLF/TNLA တာဖုန်းကျော် က ပြောပါတယ်။

"ဖိတ်ကြားလာမယ်ဆိုရင်လည်း ကျနော်တို့ FPNCC အနေနဲ့ ကျနော်တို့ အဆိုပြုထားတဲ့အတိုင်း ဖိက်ကြားလာမယ်ဆိုရင်တော့ FPNCC က လက်ခံဖို့ စဉ်းစားရမှာပေါ့"

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၅ ရက်နေ့က အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ FPNCC အဖွဲ့ဝင်တွေ ဖြစ်ကြ တဲ့ ကေအိုင်အေနဲ့ ဝ အဖွဲ့တို့ကို တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲရဲ့ ဆွေးနွေးချက်တွေကို FPNCC အဖွဲ့ဝင်တွေအားလုံးထံ အကြောင်းကြားထားပြီး ဖြစ်ပေ မယ့် ဆွေးနွေးမှု အသေးစိတ်ကိုတော့ တာဖုန်းကျော်က ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့မှာ "ဝ"ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP၊ ကချင်လွတ်လပ်ရေး အဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/ TNLA၊ ကိုးကန့်အဖွဲ့ MNDAA၊ ရခိုင့်တပ်မတော် AA နဲ့ မိုင်းလားအဖွဲ့တို့ ပါဝင်ပါတယ်။

ငြိမ်းချမ်းရေး ကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာလ ၁၄ရက်နေ့က ကူမင်းမြို့ ကို ရောက်ရှိပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးရာဌာန အာရှရေးရာ အထူးသံကိုယ်စားလှယ် ဆွန်ကော်ရှန်း နဲ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။