ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ဖယ်ရှားပေးဖို့ မိတ္တီလာမှာဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့မှာ လူနေရပ်ကွက်အနီး ဖွင့်လှစ်ထားတဲ့ ကျော်အမည်ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်ကို ဖယ်ရှားပေးဖို့ မြို့ခံပြည်သူ ၂၀၀ နီးပါးလောက် ဒီကနေ့ မနက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

2012.08.28

ကျော် စက်သုံးဆီ အရောင်းဆိုင်ဟာ မီးဘေးအန္တရာယ်အတွက် အင်မတန် စိုးရိမ်ရတာကြောင့် တခြား စက်သုံးဆီဆိုင်တွေလို မြို့ပြင်မှာ ပြောင်းရွှေ့ ဖွင့်လှစ်ဖို့ အခုလို တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။

"အာဏာပိုင်တွေ အနေနဲ့ကလည်း တားမြစ်ထားတယ်။ တားမြစ်ထားတဲ့ ဟာကို သူတို့အနေနဲ့ အခုက ဖွင့်လှစ်ပြီး ရောင်းချတဲ့ အဆင့်ထိ ရောက်နေပြီဗျ။ မီးဘေးအန္တရာယ် အရမ်းစိုးရိမ်ရတဲ့ အပေါ်မှာမူတည်ပြီး ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်"

ဒီကနေ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေက တီရှပ်အင်္ကျီ အဖြူရောင်တွေ ဝတ်ဆင်ထားခဲ့ကြတယ်လို့ သိရပါတယ်။ မိတ္တီလာမြို့မှာ အရင်က ဖယောင်းတိုင်မီးကြောင့် တမြို့လုံးနီးပါး မီးလောင်မှု၊ လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ဖူးတဲ့ အတွက်လည်း မြို့ခံလူထု အထူး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။