ရန်ကုန်မြို့မှာ ဓာတ်ဆီမှောင်ခိုလုပ်ငန်း တကျော့ပြန်လာနေ
2011.03.06
ရန်ကုန်မှာ ဆိုင်တွေကနေ ဓာတ်ဆီထုတ်ပြီး အပြင်မှာ ပြန်ရောင်းနေတာ စီးပွားရေးလုပ်ငန်းတခုလို ဖြစ်နေပြီလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
နောက်ပိုင်း ကားတစီးကို တကြိမ်သာ ဝယ်ခွင့်ပေးလို့ တဆိုင်ပြီးတဆိုင် လှည့်သွားပြီး တန်းစီ ဝယ်ယူကြတယ်လို့ ဆိုပါတယ်။ တခါတခါလည်း ကိုယ့်အလှည့်ရောက်မှ ည ၈ နာရီ ကျော်သွားလို့ ဆိုင်ပိတ်လိုက်တဲ့အခါ လှည့်ပြန်ရတာမျိုးတွေလည်း ရှိပါတယ်။ တချို့ကျတော့ ညစောင့်အိပ်ပြီး တန်းစီကြတာပါ။ အထူးသဖြင့် ကားတစီး ၆ ဂါလံ ရောင်းတဲ့ဆိုင်တွေမှာ မနက် ၆ နာရီ ဆိုင်ဖွင့်တာနဲ့ ဓာတ်ဆီ ဝယ်နိုင်အောင် ည ၁၁ နာရီ ၁၂ နာရီလောက်ကတည်းက တန်းစီပြီး ကားထဲမှာ ညအိပ်ကြတယ်လို့ ဆိုပါတယ်။ လမ်းဘေးမှာလည်း ဓာတ်ဆီစောင့်ဝယ်တဲ့ ဆိုင်တွေ ပေါများနေတယ်လို့လည်းပြောပါတယ်။ ရန်ကုန်မြို့ထက် နယ်တွေမှာ ဓာတ်ဆီဈေး ပိုတက်နေတယ်လို့လည်း သိရပါတယ်။