ဖုယွင် အလုပ်သမားပြဿနာ အမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆို


2018.10.07
fuyung-workers-protest-622.jpg ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမားရဲ့ ဆန္ဒထုတ်ဖော်ပွဲကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တွေ့ရစဉ်
Photo: Thant Zin Oo/RFA

ရက်ပေါင်း ၅၀ နီးပါးကြာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်က ဖုယွင် အထည်ချုပ်စက်ရုံ အလုပ်သမားပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ သပိတ်စခန်းဝန်းရံသူတွေက ဒီနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေကို ဖုယွင် အထည်ချုပ်စက်ရုံပိုင်ရှင်က ချိုးဖောက်တာကို အစိုးရက အရေးယူတာ ဖြေရှင်းတာမရှိဘူးလို့ ဆန္ဒပြပွဲ ဦးဆောင်တဲ့ ကိုမြတ်ကျော်က ပြောပါတယ်။

"အလုပ်သမားဝန်ကြီးတွေ၊ သက်ဆိုင်ရာ အလုပ်သမားရေးရာဝန်ကြီးတွေ၊ သက်ဆိုင်ရာအစိုးရတွေက မတို့ရဲ မထိရဲ အရေးမယူရဲတဲ့ ကြီးမြတ်ခမ်းနားသော ဖုယွင် နိုင်ငံခြားသား အလုပ်ရှင်ကြီးကြောင့်ဖြစ်တယ်၊ ဖုယွင် အလုပ်ရှင်သည် ဥပဒေကို ချိုးဖောက်သည်၊ ဖုယွင်အလုပ်ရှင်ဟာ ဘာ့ကြောင့်ဥပဒေချိုးဖောက်သလဲလို့ မေးစရာရှိလာတယ်၊ ဒီနိုင်ငံခြားသား အလုပ်ရှင်ဟာ တိုင်းပြည်ရဲ့ ဥပဒေကို မလေးစားဘဲ ထင်ရာစိုင်းနေတာကို ကျနော်တို့ တိုင်းပြည်က တာဝန်ရှိသူတွေ ဘယ်သူမှ အရေးမယူရဲလောက်အောင် ကျနော်တို့ ကျွန်စိတ်တွေ ဝင်နေကြပြီလား"

ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မယူထားတဲ့အတွက် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြပွဲ ဦးဆောင်သူတွေကို တားမြစ်တာတွေ ဝင်ရောက်ဖမ်းဆီးဖို့ လုပ်ဆောင်တာတွေ ရှိခဲ့ပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ ဖုယွင် အလုပ်သမား အလုပ်ရှင်ပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့၊ အလုပ်သမား သမဂ္ဂတွေကိုဖြိုခွဲတဲ့ အလုပ်ရှင်ကို အရေးယူပေးဖို့၊ အလုပ်သမားတွေကို ကာကွယ်ပေးတဲ့ ဥပဒေအမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။