ရန်ကုန်မှာ အမှိုက်ကနေ လောင်စာ ထုတ်မယ်


2015.09.04

ရန်ကုန်မြို့တွင်းက အမှိုက်များမှတဆင့် လျှပ်စစ်ထုတ်လုပ်ဖို့ ဂျပန်ကုမ္ပဏီတစ်ခုနှင့် အမေရိကန်ဒေါ်လာ ၁၆ သန်းခွဲ အကုန်အကျခံစက်ရုံဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။

လုပ်ငန်းများကို ဂျပန်နိုင်ငံအခြေစိုက် JFE အင်ဂျင်နီယာလုပ်ငန်းကုမ္ပဏီနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လူဦးရေ ၅ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့မှာ နေ့စဉ် အမှိုက်တန်ချိန်ပေါင်းများစွာထွက်နေပြီး ဆောက်လုပ်မယ့် စက်ရုံမှ တစ်နေ့ကို အမှိုက်တန်ချိန် ၆ဝ ကိုမီးရှို့ပြီး တာဘိုင်စက်ကို လည်စေပြီးနောက်  လျှပ်စစ်ဓါတ်အား ၇ဝဝ ကီလိုဝပ်ထုတ် လုပ်နိုင်လိမ့်မယ်လို့မျှော်မှန်းထားပါတယ်။ ဆောက်လုပ်မယ့် စက်ရုံကို ၂ဝ၁၇မှာ အပြီး တည်ဆောက်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။