သဘာဝဓါတ်ငွေ့ပို့ကုန် လျှော့ချရေး ညှိနှိုင်း

ထိုင်းနိုင်ငံကို တင်ပို့နေတဲ့ မြန်မာ့သဘာဝဓါတ်ငွေ့ ပမာဏကို လျှော့ချဖို့ ထိုင်းအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ စွမ်းအင် ဝန်ကြီး ဦးသန်းဌေးက ပြောဆိုကြောင်း၊ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖေါ်ပြပါတယ်။

2012.10.03

နေ့စဉ် ရောင်းချနေတဲ့ သဘာဝဓါတ်ငွေ့ ပမာဏ ကုဗပေပေါင်း သန်း တစ်ထောင် ကနေ သန်း (၂၀၀) လျှော့ချ ပြီး၊ သန်း  (၈၀၀) သာ ရောင်းချဖို့ ဖြစ်ပါတယ်။

စက်တင်ဘာလ တတိယပတ်က ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ တစ်ရပ်မှာ ဝန်ကြီး ဦးသန်းဌေး က - သဘာ၀ ဓါတ်ငွေ့ ကုဗပေ သန်း (၂၀၀) ဟာ ပြည်တွင်း လိုအပ်ချက်အတွက် လုံလောက်ကြောင်း၊ တိုင်းပြည်မှာ သဘာ၀ ဓါတ်ငွေ့ မလုံလောက်တဲ့အခါ၊ ပြီးတော့ စွမ်းအင် စုဆောင်းထားတာလည်း မရှိတဲ့အခါ၊ ရှိသမျှ ရေနံံ နဲ့ ဓါတ်ငွေ့ကို တိုင်းပြည်အတွက် သုံးစွဲရမှာဖြစ်ကြောင်း၊ လောင်စာ စွမ်းအင် ရင်းမြစ်တွေကို တိုင်းပြည်အတွက် ဦးစားပေး သုံးစွဲရေး ဆိုတဲ့ စွမ်းအင် မူဝါဒ တစ်ရပ် အစိုးရက ချမှတ်ထားကြောင်း ပြောဆိုခဲ့တယ်လို့ The Nation သတင်းစာ က ရေးသားပါတယ်။

စွမ်းအင် ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် ကလည်း - ပြည်တွင်း လိုအပ်ချက် မြင့်မားလာတာနဲ့ အမျှ သဘာဝဓါတ်ငွေ့ တင်ပို့မှု သဘောတူ စာချုပ်တွေကို အစိုးရက ပြင်ဆင်မှာ ဖြစ်ကြောင်း၊ ရှိသမျှ ရေနံံ နဲ့ ဓါတ်ငွေ့အားလုံးကို တင်ပို့မှာ မဟုတ်ကြောင်း၊ ပြည်တွင်း လိုအပ်ချက် ဖူလုံပြီးမှသာ သဘာ၀ သယံဇာတ အရင်းအမြစ်တွေကို ကုန်ကြမ်းအနေနဲ့ မဟုတ်ဘဲ၊ ကုန်ချောအဖြစ် ပြင်ဆင်ပြီး တင်ပို့ရောင်းချသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။