ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်ပွဲ နတ်မောက်မြို့မှာ စတင်ဖွင့်လှစ်


2015.02.07
gen-aung-san-305 မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို လန်ဒန်မြို့တွင် တွေ့မြင်ရစဉ် မှတ်တမ်းပုံဖြစ်ပါသည်။
AFP

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှာ ၇ ရက်ကြာ ကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲကို ဒီနေ့ စတင်ဖွင့်လှစ် ရာမှာ ဒေသခံတစ်သောင်းနီးပါး တက်ရောက်ကြ ပါတယ်။

ဗိုလ်ချုပ် နှစ် ၁ဝဝ ပြည့်မွေးနေ့ဂုဏ်ပြုပွဲကို တစ်ပတ် တိတိ ကျင်းပသွားမှာဖြစ်တယ်လို့ မကွေးတိုင်း အမျိုး သားဒီမိုကရေစီအဖဲ့ွချုပ် အတွင်းရေးမှူး ကိုနေမျိုးကျော် က ပြောပါတယ်။

"မုဒ်ဦးရှေ့မှာ ဖွင့်ပွဲလုပ်တယ်၊ ရာပြည့်ကွင်း စင်မြင့်မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ဦးတင်ဦးကနေပြီးတော့မှ ဒီအခမ်း အနားမှာ အဖွင့်အမှာစကား ပြောကြားတယ်ပေါ့၊ ၇ ရက်လုံး အတောအတွင်းမှာတော့ နေ့စဉ် ညဖက်တွေမှာ ဇတ်သဘင်ဖျော်ဖြေမှုတွေ ၊ နောက်စာပေဟောပြောပွဲတွေ၊ နောက် ကဗျာ ရွက်ဆိုပြိုင်ပွဲတွေ၊ ပြခန်းတွေမှာလည်း နေ့စဉ်ပြသသွားဖို့ရှိပါတယ်"

ဒီနေ့ ဖွင့်ပွဲကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦး၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေတို့လည်း တက်ရောက်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က နတ်မောက်မြို့က ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်မှာ ဗိုလ်ချုပ်ရာပြည့် မော်ကွန်းကျောက်စာတိုင်ကို တက်ရောက်ဖွင့်လှစ်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။