ဗိုလ်ချုပ်မွေးနေ့ပွဲ ပါတီတွေ ပူးပေါင်းကျင်းပဖို့ ပြင်ဆင်


2014.12.11
general-aungsan-birthday-305a.jpg ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြို လှုံ့ဆော်မှု များ ပြုလုပ်နေကြစဉ်
Photo: Nay Myo Zin Facebook
လာမယ့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ပါတီအဖွဲ့အစည်းတွေ ပူးပေါင်းကျင်းပသွားဖို့ အင်းစိန်မြို့နယ်မှာ ပြင်ဆင်နေ ကြပါတယ်။

အင်းစိန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတွေအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းကျင်းပ မှာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဇော်ဇော်မင်းက ပြောပါတယ်။

"အဖွဲ့အစည်းတွေ ဆိုလို့ရှိရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခရိုင်၊ မြို့နယ် နောက်ပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ နောက်ပြီးတော့ မြို့နယ်မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီ၊ နောက်အရပ်ဘက်အဖွဲ့အစည်းတွေ ဆိုလို့ရှိရင်တော့ ဆွမ်းလောင်းအသင်းတို့၊ စာရေးဆရာအသင်း နောက်ပန်းချီပန်းပုအသင်းတို့ ဂီတအစည်းအရုံးတို့ပါ"

ဖေဖော်ဝါရီလ ၁၃ ရက်နေ့မတိုင်မီ အကြိုလှုံ့ဆော်တဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ အင်္ကျီတွေဝတ်ဆင်ပြီး အင်းစိန်မြို့နယ်တွင်းက ရပ်ကွက်တွေမှာ လှည့်လှည်ဖျော်ဖြေဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မြို့နယ်တစ်ခုလုံးက စားသောက်ဆိုင်နဲ့ လ္ဘက်ရည်ဆိုင်တွေမှာ ဖွင့်ပေးဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုသီချင်းခွေတွေကို ဖြန့်ဝေသွားမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။