ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ အကျဉ်းချုံး ဈာပန

တရုတ်နိုင်ငံ ကူမင်းမြို့မှာ မနေ့က ကွယ်လွန်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ရုပ်ကလာပ်ကို အောက်တိုဘာလ ၁၁ ရက် မနက် ၉ နာရီမှာ မိသားစုတွေက အကျဉ်းချုံး မီးသဂြုႋဟ် လိုက်ပါတယ်။

2012.10.11

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ရဲ့ ရုပ်ကလာပ်ကို ကူမင်းမြို့က မီးသဂြုႋဟ်စက်မှာ သဂြုႋဟ် လိုက်တဲ့အကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇောက ပြောပြပါတယ်။

“ဇာပနက သာမန်ပါပဲ။ ဒီနေ့မနက် ၉ နာရီက ကူမင်းမြို့ပြင်က အန်းနင် မီးသဂြုႋဟ် စက်မှာ  မီးသဂြုႋဟ် လိုက်ပြီးတော့ အဲဒီအနားမှာရှိတဲ့တောင်ပေါ်မှာ အရိုးပြာ အပ်တဲ့နေရာမှာ အပ်ထားခဲ့တယ်။ အကျဉ်းချုံးပြီးတော့ ဖြေရှင်းတဲ့သဘောပါ။ သူကလည်း ရိုးရိုး သားသားပဲလုပ်စေချင်တယ်လေ။ ဘာမှလည်း သိပ်ပြီးတော့ ထွေလီကာလီမလုပ်ကြတော့တာ ဖေဖေကိုယ်တိုင်ကလည်း အဲဒါမျိုးကို မလုပ်စေချင်ဘူး။ အခြေအနေပေးတဲ့နေ့မှာ ဗမာပြည်ကို မုချပြန်သွားပြီး သူ့အိမ်မှာပဲ သူ့ကိုမြှုပ်မယ်။”

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်သွားတဲ့ မနေ့ကတော့ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ တရုတ်နိုင်ငံကူမင်း၊ ရွှေလီနဲ့  သူတောမခိုခင် နေထိုင်သွားခဲ့တဲ့ ရန်ကုန်မြို့ရှိ နေအိမ်တို့မှာ ဆွေမျိုးတော်စပ်သူတွေက သက်ပျောက်ဆွမ်း ကပ်လှူခဲ့ကြတယ်လို့ သိရပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောဟာ ပဲခူးတိုင်း သာယာဝတီခရိုင် ဆိုင်းစုကျေးရွာဇာတိဖြစ်ပြီး  သူကွယ်လွန်သွားပြီးနောက်ပိုင်း သားတစ်ယောက် သမီး ၂ယောက်နဲ့ မြေး ၇ ယောက် ကျန်ရှိခဲ့ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်ခဲ့အတွက် အနယ်နယ်အရပ်ရပ်က နိုင်ငံရေးမိတ်ဆွေတွေ၊ သူ့ကိုလေးစားကြည်ညိုသူတွေကလည်း  စာတွေ၊ ကဗျာတွေရေးဖွဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။