ရန်ကုန်တိုင်း အစိုးရရုံးကို ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ယာယီပိတ်ထား

2020.12.13
ရန်ကုန်တိုင်း အစိုးရရုံးကို ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ယာယီပိတ်ထား ရန်ကုန်တိုင်း အစိုးရရုံးကို ၂၀၂၀ သြဂုတ် ၁၇ရက်နေ့က တွေ့ရစဉ်
Photo: Moe Htet Myint Facebook
ရန်ကုန်မြို့တော်ဝန်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီး နှစ်ဦး  Covid 19 ကူးစက်ခံရပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးကို ရှစ်ရက်ကြာ ယာယီပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။ တိုင်းအစိုးရရုံးအတွင်း ရောဂါကူးစက်မှုရှိခဲ့တဲ့နောက် ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ပိတ်ထားလိုက်တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နဲ့ ဇနီး၊ ကိုယ်ရေးအရာရှိနဲ့ ယာဉ်မောင်းတို့မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးတွေ နဲ့ ရုံးဝန်ထမ်းတွေကို ရောဂါစစ်ဆေးခဲ့ပါတယ်။ ထပ်မံစစ်ဆေးချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်တောစွမ်းအင်ဝန်ကြီး ဦးဟန်ထွန်း နဲ့ ရုံးဝန်ထမ်း လေးဦးမှာ ကိုဗစ်ရောဂါ ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ ဝန်ကြီးဦးဟန်ထွန်းတို့ဟာ တောင်ဥက္ကလာဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။