အစိမ်းရောင်စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် နေပြည်တော်မှာ ကျင်းပ

အဲဒီအခမ်းအနားမှာ မြန်မာနိုင်ငံ အစိမ်းရောင်စီးပွားရေးနဲ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြည်တွင်း ပြည်ပပညာရှင်တွေက ဆွေးနွေးကြပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေလာတဲ့အခါ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ကို အားပေးတဲ့ အစိမ်းရောင်စီးပွားရေးကို အကောင်အထည် ဖော်စေချင်တဲ့အတွက် ဒီ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်တယ်လို့ ပွဲစီစဉ်သူ တစ်ဦး ဖြစ်တဲ့ ဦးကိုကို(စက်မှု)က RFA ကို ပြောပါတယ်။
ဒီဆွေးနွေးပွဲကို နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနဲ့ ပြည်ထောင်စုဝန်ကြီးများ အစိမ်းရောင်စီးပွားရေး အဖွဲ့က ပြည်တွင်းပညာရှင်များ၊ ပြည်ပပညာရှင်များ တက်ရောက်ခဲ့ကြပြီး၊ ဒီအခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပဖို့ ရှိပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမြင့်ဦးနဲ့ ကိုဝင်းနောင်တိုး တို့က ပေးပို့လိုက်တာ ဖြစ်ပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |