H1N1 ကြောင့် သေဆုံးသူ ၃၃ ဦးရှိလာ


2017.08.24
h1n1-mask-622.jpg H1N1 ရာသီတုပ်ကွေးကြောင့် နှာခေါင်းစည်းတပ်ထားသူတွေကို တွေ့ရစဉ်
Photo: Thant Zin Oo/RFA

ဒီကနေ့အထိ ရာသီတုပ်ကွေး H1N1 ရောဂါပိုးတွေ့ရှိသူ ၃၂၄ ဦးထိရှိလာပြီး ရောဂါပိုးကြောင့် သေဆုံးသူဦးရေ ၃၃ ဦး ရှိပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

သံသယရှိလူနာ ၂၄ ဦးကို စစ်ဆေးရာမှာ ပိုးတွေ့ရှိသူ ၇ ဦးထပ်မံတိုးလာပြီး ဒီနေ့အထိ ၃၂၄ ဦး ကပိုးတွေ့ရှိထားပြီး မနေ့ကထိ သေဆုံးသူ ၃၃ ဦးရှိပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ဆရာဝန် ဒေါက်တာ ဘီလတောင်က ပြောပါတယ်။

"နောက်ထပ် သံသယလူနာ ၂၄ ဦးကို စစ်ကြည့်တာမှာ ပိုးတွေ့လူနာ ၇ ဦး ထပ်တိုးတွေ့ရတယ်။ ဒီနေ့ထိဆိုရင် သံသယလူနာ ၈၇၂ ဦးကို ဓါတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ခဲ့တယ်၊ အဲဒီအထဲမှာ ၃၂၄ ဦးမှာပဲ ပိုးတွေ့ရတယ်။ ဒီ ၃၀၀ ကျော်လုံးက ဆေးရုံတက်နေရတာ မဟုတ်ဘူး။ ဆေးရုံတက်နေရတဲ့ လူနာ ၂၄ ဦးပဲရှိတယ်။ သေဆုံးသူဦးရေ ကတော့ မနေ့က သတင်းထုတ်ပြန်တဲ့အတိုင်းပဲ ၃၃ ဦးပါ"

သံသယရှိထပ်တိုးလူနာ ၇ ဦးဟာ စစ်ကိုင်းတိုင်းဒေသကြီးက ၃ ဦးနဲ့ ရန်ကုန်၊ ပဲခူး၊ ရခိုင်ပြည်နယ်တွေမှာ တွေ့ရှိ ရတာဖြစ်ပါတယ်။

ပိုးတွေ့ရှိတဲ့လူနာတိုင်းဟာ ဆေးရုံတက် ဆေးကုသနေရတာမျိုးမဟုတ်ဘဲ ဆေးကုသနေတဲ့လူနာ ၂၄ ဦးသာရှိပြီး လူနာ ၂၃၀ ကျော်က ဆေးရုံဆင်းသွားနိုင်ပြီဖြစ်တယ်လို့ ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ် မြို့နယ်အလိုက် H1N1 ရောဂါပိုးတွေ့ရှိရမှု စိစစ်မှုတွေအရ ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာပြီး ဆေးရုံတက်ရသူ အရေအတွက်လည်း နည်းလာတဲ့အတွက် H1N1 ရောဂါပိုးကို ထိန်းချုပ်လာနိုင်ပြီလို့ ပြောလို့ ရကြောင်းပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။