ဟုန်ရှင်းအအေးခန်း စက်ရုံအရေး တိုင်းအလုပ်သမားဝန်ကြီး ညှိနှိုင်းပေး


2013.09.23
home-shin-worker-305.jpg မြို့တော်မခန်းမရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမားများကို စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Thiha Tun

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဟုန်ရှင်းအအေးခန်းစက်ရုံ ပိတ်လိုက်တဲ့အတွက် မြို့တော်ခန်းမရှေ့မှာ စက်တင်ဘာလ၂၂ ရက်နေ့က ဆန္ဒပြသပိတ်စခန်းဖွင့်ခဲ့ကြတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားန်ကြီး ဦးစိုးမင်းက ဒီနေ့ညနေပိုင်းမှာ င်ရောက်ညှိနှိုင်းပေးခဲ့ပါတယ်။

ညနေ ၆ နာရီကျော်အထိ မြို့တော်ခန်းမထဲမှာ အလုပ်သမားန်ကြီး ဦးစိုးမင်း၊ ဟုန်ရှင်းစက်ရုံမှူးနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ညှိနှိုင်းနေဆဲဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံကို လုံးဝပိတ်သိမ်းပေးမယ်လို့ ကြေညာတာခင်ဗျ၊ နောက်ပြန်မဖွင့်တော့ဘူးပေ့ါနော်၊ ပြန်ဖွင့်ရင် သူတို့ကိုယ်တိုင် အရေးယူမယ်လို့ ကတိပေးသွားတယ်၊ မြို့တော်ခန်းမထဲမှာ သူတို့စာချုပ်ချုပ်ရင်းနဲ့ အလုပ်သမားခေါင်းတောင် ကိုမင်းမင်းတို့၊ ကိုသီဟတို့နဲ့ စာချုပ်ထဲမှာ ဘယ်လိုချုပ်မလဲဆိုတော့ စက်ရုံကလုံးဝ အပြီးအပိုင် ရုပ်သိမ်းပေးမယ်ပေါ့၊ အလုပ်သမားတွေကို အတင်းဆွဲထားတဲ့ စက်ရုံပိတ်ဆို့ဘာတို့ အဲဒါတွေလည်း ဝန်ကြီးက သူဖြုတ်ပေးမယ်လို့ ပြောတယ်”

ဆန္ဒပြအလုပ်သမားတွေက ပုဒ်မ(၁၈) နဲ့ သူတို့ကိုတရားစွဲတာ ပြန်ရုတ်သိမ်းပေးဖို့၊ စက်ရုံအမည်ပြောင်းပြီးပြန်ဖွင့်ခဲ့ရင် အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးဖို့၊ အခုဖြစ်နေတဲ့ အလုပ်ရှင် အလုပ်သမားပဋိပက္ခကို အစိုးရကတာန်ယူဖြေရှင်းပေးဖို့ စတဲ့အချက်တွေကို အလုပ်သမားန်ကြီး ဦးစိုးမင်းထံ တောင်းဆိုခဲ့ကြပါတယ်။

အလုပ်ရှင်ဘက်ကလည်း ဟုန်ရှင်းစက်ရုံကို လုံးပိတ်လိုက်တာဖြစ်ပြီး တခြားအမည်နဲ့ ပြန်မဖွင့်တော့ကြောင်း အလုပ်သမားတွေကို နစ်နာကြေးငွေ၊ လုပ်သက်အလိုက် ၃လစာကနေ ၅လစာအထိ လျော်ကြေးပေးမယ်လို့ ထပ်မံကတိပေးတယ်လို့ သိရပါတယ်။

တခြားစက်မှုဇုန်က လုပ်ငန်းရှင်တွေ အလုပ်သမားလိုအပ်ရင် အခုဆန္ဒပြအလုပ်သမားတွေကို ဦးစားပေးခန့်သွားဖို့ ရန်ကုန်တိုင်း အလုပ်သမားန်ကြီးဌာနအနေနဲ့ စီစဉ်သွားမယ်လို့ ရန်ကုန်တိုင်း အလုပ်သမားန်ကြီး ဦးစိုးမင်းက ကတိပေးခဲ့ကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။