မြန်မာဟိုတယ်ဝန်ထမ်း အရိုက်ခံရမှု ဥပဒေနဲ့အညီ ဆောင်ရွက်စေလို

ဇန္နဝါရီ ၂၈ ရက်ညက ရန်ကုန် ပုဇွန်တောင် Orchid Hotel မှာ တည်းခိုနေတဲ့ ဂျပန် အမျိုးသားတစ်ဦးက မြန်မာအမျိုးသမီး ဝန်ထမ်းတစ်ဦးကို ပါးရိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ဆောင်ရွက်မှုတွေဟာ ဥပဒေနဲ့ ညီညွတ်ခြင်း ကင်းမဲ့နေတယ်လို့ ဟိုတယ် တာဝန်ရှိသူတွေက ပြောပါတယ်။

2012.02.23
Orchid-hotel-b305 ရန်ကုန်မြို့ ပုဇွန်တောင်ရှိ Orchid Hotel
Photos courtesy of orchid hotel website

အခင်းဖြစ်ပွားတဲ့ညက ဧည့်သည် ဂျပန်အမျိုးသားဟာ ပြင်ပက မြန်မာအမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာစဉ်မှာ ဟိုတယ်ဝန်ထမ်းတွေ တားမြစ်ရာက အခုလို ဖြစ်ပွားခဲ့တာပါ ။

အရိုက်ခံရသူ Orchid Hotel ဝန်ထမ်း မအေးအေးကြည်က ပုဇွန်တောင်ရဲစခန်းမှာ စတင် တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းမှာ ဂျပန်အမျိုးသား Mr. Okahashi Takashi ကလည်း သူ့ကို ဟိုတယ်ဝန်ထမ်းတွေက အကြမ်းဖက် တားဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြန်လည် တရားစွဲခဲ့ပါတယ်။

လောလောဆယ်မှာ Orchid Hotel ဝန်ထမ်း မအေးအေးကြည်နဲ့ မမေဦးလှိုင်တို့ တစ်ဦးကို ကျပ်သိန်း ၁၀၀ စီ အာမခံ တင်ထားရပြီး ဂျပန်အမျိုးသားကလည်း ကျပ်သိန်း ၁၀၀ အာမခံ တင်ထားရကြောင်း သိရပါတယ်။ ဒီအမှုကို ဖေဖော်ဝါရီ ၂၉ ရက်မှာ ထပ်မံကြားနာမှာ ဖြစ်ပါတယ်။

အမှုရဲ့ နောက်ဆုံး အခြေအနေတွေကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ဆက်ထားပါတယ် ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-23 20:18

ဘယ်လိုပါလိမ့်၊ ရွှေဝါရောင် တော်လှန်ရေးတုန်းက အပြစ်မရှိတဲ့ ဂျပန်သတင်းထောက်ကို အနီးကပ် ပစ်သတ်ခဲ့ပြီး၊ ခပ်တည်တည် လုပ်နေခဲ့တာ၊ ခု အပြစ်ရှိတဲ့ ဂျပန်ကိုတော့ အရေးမယူရဲပဲ ကိုယ့်လူကိုယ် ဖိနှိပ်နေတာ အစိုးရတဲ့လား။

Anonymous
2012-02-23 09:05

Take action very seriously and justly otherwise the other country may think that we do not have any principle or any rule of law so that they may continue going on like that or they will do whatever they like. It is unacceptable behavior, therefore, stand up for the citizen particularly for the security of the ladies.

Anonymous
2012-02-23 13:19

Yes, I agree, that should be serious and take the action as soon as possible, and cover for our wonmen and their security.

Anonymous
2012-02-24 15:49

Let the world that Myanmar has rule of law and principle. some foreigners look down on myanmar because of the silly things made by military government.

Anonymous
2012-02-24 23:11

ဒီကိစ္စကို တရားရုံးတွေက အကြောက်တရားကို ဘေးထားပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်စေချင်တယ်..