အလုပ်သမားအရေးဖြေရှင်းဖို့ သူရဦးရွှေမန်း တိုက်တွန်း
2015.04.24

အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမူနဲ့ ဝင်ငွေကွာဟ ချက်များတာတွေကြောင့် နိုင်ငံရပ်ခြားကိုထွက်ခွာသွား တဲ့ အလုပ်သမားတွေ ပြန်လာနိုင်ဖို့အတွက် ပြည်တွင်း မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ကနောင်ခန်းမမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ တဲ့ဆွေးနွေးပွဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောခဲ့တာပါ။
"ဘယ်မှာသွားရှိလဲ သူများနိုင်ငံမှာသွားရှိတယ်၊ ယိုးဒယားမှာ သွားရှိတယ်၊ မလေးရှားမှာ သွားရှိတယ်၊ အဲ့ဒီတော့ နိုင်ငံ့ကာကွယ်ရေးပဲကြည့်ကြည့် နိုင်ငံ့စီးပွားရေးထူးထောင်ရေးပဲဖြစ်ဖြစ် ကျနော်တို့ တကယ်တမ်းတမ်း အလုပ်လုပ်နိုင်တဲ့သူဟာ ကျနော်တို့ဆီမှာမရှိဘူး၊ ရှိအောင်လုပ်ယူရမယ်၊ ရှိအောင်လုပ်ယူရမယ်ဆိုတာမှာ SME လိုပုံစံမျိုး ကိုယ့်နိုင်ငံမှာ ထူထောင်ပေးဖို့လို့တယ်၊ အဲ့ဒီအတွက် ဝိုင်းစဉ်းစားပေးကြပါ၊ ဝိုင်းပါဝင်ပေးကြပါ အဲ့နေရာတွေမှာ ကျနော်တို့လူတွေ အလုပ်လုပ်ဖို့ ကျနော်တို့ စီစဉ်ပေးရမယ်၊ အလုပ်လုပ်တက်အောင် ကူညီပေးရမယ်"
ဒါ့အပြင် သူရဦးရွှေမန်းက အလုပ်ရှင်နဲ့အလုပ်သမားကြားဖြစ်ပွားနေတဲ့ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ပေးရေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက အမြန်ဆုံး အကောင်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
ဒီနေ့ပွဲကို တက်ရောက်လာတဲ့ အလုပ်သမား အလုပ်အကိုင်နဲ့ လူမူဖူလုံရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက လာမယ့်မေလကုန်လောက်မှာ အလုပ်ရှင် အလုပ်သမား နှစ်ဘက် သဘောတူညီနိုင်တဲ့ အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်နိုင်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေကလည်း အလုပ်သမားတွေရဲ့ လုပ်ခလစာလိုအပ်မူတွေ ကို တောင်းဆိုတဲ့နေရာမှာ ဥပဒေဘောင်အတွင်းက ဆောင်ရွက်ကြဖို့ ပြောခဲ့ပါတယ်။
ဒီပွဲကိုတက်ရောက်လာတဲ့ အလုပ်သမားကိုယ်စားလှယ်တွေက အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး၊ ရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ လုပ်ငန်းခွင်ဆက်ဆံရေး အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။
လှိုင်သာယာ စက်မူဇုံက အလုပ်ရှင် ကိုယ်စားလှယ်တွေကလည်း စက်မူဇုံတွေမှာ ၂၄ နာရီ မီးအပြည့်အဝရရှိရေး နဲ့ နိုင်ငံတကာကိုတင်ပို့တဲ့ ကုန်ပစ္စည်းအခွန်အခ လျော့ချပေးရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။