ယင်းမာပင်၊ တရောကျင်းရွာက နေအိမ်အလုံး ၄ဝ လောက် မီးရှို့ဖျက်ဆီးခံရ

2022.05.16
ယင်းမာပင်၊ တရောကျင်းရွာက နေအိမ်အလုံး ၄ဝ လောက် မီးရှို့ဖျက်ဆီးခံရ မီးလောင်သွားသော နေအိမ်တွေကို ကြည့်ရှု့နေသည့် ယင်းမာပင်မြို့နယ်၊ တရောကျင်းရွာသားတစ်ဦး။
Photo - CJ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တရောကျင်းရွာကို မေလ ၁၄ ရက်နေ့က စစ်ကောင်စီ တပ်တွေဝင်လာပြီး ဒေသခံအိမ်ထောင်စု ၂၇ စုပိုင်ဆိုင်တဲ့ အိမ်အလုံး ၄ဝ လောက်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ရွာအနီးမှာ ဒေသခံ PDF တပ်တွေနဲ့၊ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် နေအိမ်တွေမီးရှို့ခံရတာလို့ ဆိုပါတယ်။

ဒီမတိုင်ခင်ကလည်း စစ်ကောင်စီတပ်တွေဟာ ရွာထဲကို နှစ်ကြိမ်တိုင်တိုင် ဝင်ရောက် မွှေနှောက်ခဲ့ပြီး၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီနေ့က PDF နဲ့ စစ်ကောင်စီတိုက်ပွဲမှာ လက်နက်အင်အားမမျှလို့ PDF တွေ နောက်ဆုတ်ခဲ့ရတယ်လို့လည်းဆိုပါတယ်။

ဒေသခံတွေဘက်က မီးရှို့ခံရတဲ့ ဖြစ်ရပ်တွေကို ဓာတ်ပုံတွေ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ ပြောဆိုနေပေမယ့် စစ်ကောင်စီဘက်ကတော့ သူတို့အနေနဲ့ ရွာတွေကို မီးရှို့တာ မရှိဘူးလို့ အမြဲငြင်းဆိုနေတာပါ။

မီးရှို့ခံရတဲ့ ဖြစ်ရပ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data For Myanmar ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးမှာ အိမ်အလုံးပေါင်း ၁၁၄ဝဝ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။