လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းဆွေးနွေးပွဲ ရန်ကုန်မြို့မှာကျင်းပ


2013.08.20

အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ရှိနေတဲ့  မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်ြမို့မှာရှိတဲ့ ိုင်အမ်စီအေ အသင်း အဆောက်အအုံမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

လူ့အခွင့်အရေး ကော်မရှင်က ရေးဆွဲထားတဲ့ ဒီဥပဒေကြမ်းကို တခြားနိုင်ငံတွေက ဥပဒေတွေထက် ပိုမို ကောင်းမွန်စေလိုတဲ့အနေနဲ့ အားနည်းချက်တွေကို ထောက်ပြ ေဖန်အကြံပြုနိုင်ဖို့ အခုလိုဆွေးနွေးပွဲကို ကျင်းပရတာဖြစ်တယ်လို့ Equality Myanmar အဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ကော်မရှင်ဝင်တွေကို ရွေးချယ်ရေးအဖွဲ့က ရွေးချယ်မယ်လို့ပြောတယ်၊ အဲဒီရွေးချယ်ရေးအဖွဲ့မှာ ပါဝင်မယ့်လူတွေရဲ့ ဖွဲ့စည်းပုံကို ကျနော်နည်းနည်းလေး ပိုပြီးတော့ကောင်းစေချင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် အဲဒီမှာအစိုးရရဲ့ တာဝန်ရှိတဲ့သူတွေက အများဆုံးပါဝင်တယ်၊ လူထုအခြေပြုအဖွဲ့အစည်းကို ကိုယ်စားပြုတဲ့သူက တစ်ယောက်ပဲပါဝင်တယ်၊ အဲဒီတစ်ယောက်ကလည်း ဘယ်လိုမျိုးဖြစ်ရမလဲဆိုရင် အစိုးရမှာ မှတ်ပုံတင်ထားတဲ့သူပဲ ဖြစ်ရမယ်ဆိုတော့ အလွှာတွေအရပါဝင်ဖို့အတွက် နောက်တစ်ခါပိုမိုပြီးတော့ လူထုအခြေပြုအဖွဲ့အစည်းရဲ့ အသံတွေပါဝင်ဖို့အတွက် ရွေးချယ်ရေးအဖွဲ့က အားနည်းနေတာတွေ့ရပါတယ်”

ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲမှာ ကော်မရှင်အဖွဲ့ဝင် ရွေးချယ်ရေးဖွဲ့စည်းမှုမှာ အစိုးရနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ အဓိကထား ဖွဲ့စည်းမယ့် စီစစ်ရွေးချယ်ရေး အဖွဲ့ ဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ တက်ရောက်လာသူတွေက အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲကို လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လူမှုအဖွဲ့အစည်းတွေ ၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းတွေက တာန်ရှိ ပုဂ္ဂိုလ်တွေနဲ့ အိန္ဒိယနိုင်ငံမှ လူ့အခွင့်အရေး လှုပ်ရှားသူတွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။