ICJ ကြားဖြတ်အမိန့် မြန်မာအစိုးရ မစိုးရိမ်
2020.01.31
ICJ တရားရုံးရဲ့ ကြားဖြတ်စီမံချက်အမိန့်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာမရှိသလို၊ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးကော်မရှင်နဲ့လည်း ပူးပေါင်းဆောင်ရွက်စရာမလိုဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
RFA သတင်းထောက် ကိုသီဟထွန်းက သတင်းပေးပို့ထားပါတယ်။