အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပ
2016.09.15

ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ စက်တင်ဘာလ ၁၅ ရက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ဒီကနေ့ နေပြည်တော်က သဘင်ဆောင်မှာ ကျင်းပခဲ့ပါတယ်။
ဒီမိုကရေစီစနစ်ကျင့်သုံးရာမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို လက်နက်ကိုင်တောင်း ဆိုမှုဟာ ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ မရှိတော့ကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး စိုးရွှေက ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံက ၂ဝဝ၇ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပဖို့ စတင်ဆုံးဖြတ် ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ၂ဝ၁၁ ခုနှစ်က စတင်ကျင်းပခဲ့ကာ အခုအကြိမ်က ၆ ကြိမ် မြောက်ဖြစ်ပါတယ်။
ဒီကနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌတို့ အပါအဝင် လွှတ်တော်မှာ ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီ ၁၄ ခုက ကိုယ်စားလှယ်တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေ၊ ကျောင်းသား လူငယ်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြပါတယ်။