အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကျင်းပ


2014.09.21
peaceday-305 ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား လူထုလမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့က စစ်တွေမြို့မှာပြုလုပ်စဉ်
Photo: Min Thein Aung/ RFA

မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားတဲ့ အတွေးအခေါ်၊ အယူဝါဒနဲ့ ကြန်အင်လက္ခဏာတွေကို အပြန်အလှန် နားလည်လက်ခံပြီး အတူယှဉ်တွဲနေ ထိုင်နိုင်မှသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ကျရောက်တဲ့ ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ပြောပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာမှာ အဲဒီလို ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဟာ နိုင်ငံသားတစ်ဦးချင်းစီအတွက် အရေးကြီး တဲ့ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ "စစ်ပွဲတွေကို ပေါ်ပေါက်စေခဲ့တဲ့ လူသားတွေရဲ့ စိတ်နှလုံးသားထဲမှာပဲ စစ်ပွဲတွေကို ဟန့်တားနိုင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရားတွေကို ပြုစုပျိုးထောင်သွားကြရမယ်" ဆိုတဲ့ အဆိုအမိန့်ကို အလေးဂရုပြုဖို့ လိုကြောင်း ဖော်ပြထားပါတယ်။

၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ တောင်ကြီး ၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ထားဝယ်၊ စစ်တွေစတဲ့မြို့ကြီးတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းကျင်းပခဲ့ ကြပါတယ်။

ဒီအကြောင်း 'RFA သတင်းထောက် မစန်းမော်အောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အလားအလာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေရဖို့ ဘယ်လောက်နီးစပ်နေပြီလဲဆိုတဲ့ အခြေအနေတွေအပေါ် နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။