ကော့သောင်းထောင် ပစ်ခတ်မှု ဖေါ်ထုတ်ပေးဖို့ တောင်းဆို


2013.09.17

စက်တင်ဘာလ ၁၃ ရက်နေ့က ကော့သောင်းအကျဉ်းထောင်တွင်းမှာ အကျဉ်းသားတွေဲ့ ထောင်အာဏာပိုင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဲ့ပတ်သက်ပြီး အဲဒီအမှုကို အမြန်ဆုံးဖော်ထုတ်ပေးဖို့အတွက် ဒီနေ့ ကော့သောင်းြို့မှာ ြို့ခံတွေစုပေါင်းြီး သမ္မတထံ စာရေးသားတင်ပြို့ လက်မှတ်တွေကောက်ခံခဲ့ပါတယ်။

ကော့သောင်းြို့ ဂါးဒင်းဟိုတယ်မှာ  ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကဦးစီးြီး ဒေသခံပြည်သူတွေနဲ့ အစည်းအေးကျင်းပြပီး လက်မှတ်တွေ ကောက်ခံခဲ့တာဖြစ်ကြောင်း ကော့သောင်းြမို့ခံတစ်ဦးက ပြောပါတယ်။

ကော့သောင်းထောင်ကိစ္စမှာ ဒေသခံအာဏာပိုင်တွေနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ကိစ္စကို သူကပုံဖော်ပြီးတော့ ဖွင့်ပြတဲ့သဘောပါခင်ဗျ၊ အခု အစည်းအဝေး တက်လာတဲ့သူတွေအားလုံးကို လက်မှတ်ထိုးခိုင်းတယ်ခင်ဗျ၊ သမ္မတကြီးဆီကိုတင်မယ်၊ ဝန်ကြီးချုပ်ဆီကိုတင်မယ်၊ အမှုကိုအမြန်ဆုံးဖော်ထုတ်ပေးပါ၊ တာဝန်ရှိတဲ့သူကိုအရေးယူပေးပါ၊ လက်မှတ်ထိုးပြီးတော့ ဒီလက်မှတ်နဲ့ တွဲပြီးတော့တင်မယ်လို့ ပြောပါတယ်ခင်ဗျ”

စက်တင်ဘာလ  ၁၃ ရက်နေ့က ကော့သောင်းအကျဉ်းထောင်အတွင်းမှာ အကျဉ်းသားအချင်းချင်း ရန်ဖြစ်ရာကနေ ထောင်အာဏာပိုင်တွေဲ့ အကျဉ်းသားတွေ ပဋိပက္ခဖြစ်ြီး အကျဉ်းသားတစ်ဦး သေနတ်ဒဏ်ရာဲ့ သေဆုံးခဲ့သလို အကျဉ်းသား ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ ကော့သောင်းြို့ အစည်းအေးကို မြို့နယ်အုပ်ချုပ်ရေးမှူဲ့ ကော့သောင်းထောင် တာန်ရှိသူတွေကို ဖိတ်ကြားခဲ့ပေဲ့ တက်ရောက်ခြင်းမရှိဘူးလို့ ေဒသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။