နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့ ဂျပန်ဝန်ကြီးချုပ် မြန်မာပြည် လာမည်


2013.05.19

နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေဖို့အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ လာမယ့်သောကြာနေ့မှာ မြန်မာနိုင်ငံကို ၃ ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အစိုးရသတင်းရပ်ကွက်က ပြောဆိုကြောင်း Japan Times သတင်းစာက ဖေါ်ပြပါတယ်။

ဂျပန်ဝန်ကြီးချုပ်နဲ့အတူ ထိပ်တန်းစီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေက ကိုယ်စာလှယ် ၃၀ ကျော် လိုက်ပါလာမှာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်းမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေ၊ မြန်မာနိုင်ငံအတွက်  ဂျပန်ရဲ့အကူအညီတွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့မတ်လက ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို ငွေအမြောက်အများ ချေးငှားမယ်လို့ ဂျပန်အစိုးရ ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။