သတင်းထောက်ကိုပါကြီး သတ်ဖြတ်ခံရမှု တရားရုံးတင်ရေး အခက်အခဲကြုံ


2015.02.11
kopargyi-622.jpg ကိုပါကြီး သတ်ဖြတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရေး မန္တလေးမြို့မှာ ၂၀၁၄ ဒီဇင်ဘာလက ဆန္ဒပြစဉ်
Photo: RFA

အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ပတ်သက်ပြီး တပ်မတော် ဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် တရားရုံး တင်ခွင့်မရကြောင်း ကိုပါကြီးရဲ့ဇနီးဖြစ်သူ မသန္တာက ပြော ပါတယ်။

ကိုပါကြီးသေဆုံးမှုအတွက် တရားရုံးမတင်နိုင်တာနဲ့ပတ် သက်ပြီး ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်အေးက မနေ့က ပြောလိုက်တာဖြစ်တယ်လို့ ကိုပါကြီး ဇနီး ဖြစ်သူ မသန္တာက ပြောပါတယ်။

"ဒီအမှုကိုမြို့နယ်မှူးက တိုက်ရိုက်ကိုင်တယ်၊ မြို့နယ်မှူးဦးခင်မောင်အေးနဲ့ စကားပြော တဲ့အခါ ရဲလုပ်ပိုင်ခွင့်ရှိတာ အားလုံးပြီးပါပြီ၊ အရပ်သား သက်သေ အယောက် ၃၀ နီးပါးကို လဲစစ်ပြီးပြီ၊ သူတို့လိုတာက တရားခံကိုစစ်ပိုင်ခွင့်မရသေးဘူး၊ အဝေးရောက်စစ်ချက် ကိုပို့ပေးမယ်လို့ ၁၂ တပ်မမှူး ကဂတိပေးတယ်၊ ဒါပေမဲ့တောင်းတဲ့အခါ ကျတော့မရဘူး၊ နောက်ကိုပါကြီးဆီမှာပါသွားတဲ့ သိမ်းဆည်းထားတဲ့ပစ္စည်းတွေလဲ အခုထက်ထိ လွှဲပြောင်း မပေးသေးဘူး၊ အဲ့ဒီကြန့်ကြာနေတဲ့အတွက်ကြောင့်မို့လို့ ရုံးတင်ဖို့အတွက် နှောင့်နှေးနေတာလို့ ကျမတို့ ကိုပြောပါတယ်"

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က ကိုပါကြီးဖမ်းဆီးခံရစဉ်က ရရှိထားတဲ့ သက်သေခံ ပစ္စည်းတွေကို တရားရုံးတင်နိုင်ဖို့ အတွက် ပေးပို့မယ်လို့ ကတိပေးထားပေ မဲ့ခုချိန်ထိ ပေးပို့ခြင်းမရှိသေးဘူးလို့ မသန္တာက ပြောပါတယ်။

မသန္တာက ကိုပါကြီးအမှုကို၂ လအတွင်း တရားရုံးတင်ပေးဖို့အတွက် ပြည်ထဲရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တို့ထံစာပေး ပို့ထားတယ်လို့သိရပါတယ်။

ကိုပါကြီးဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်း ဆီးထားစဉ် အောက်တိုဘာလ ၄ ရက်နေ့ မှာ သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ မခက်မာ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။