မြေနီကုန်းအရေးအခင်း ၂၆ နှစ်ပြည့် အကသကျောင်းသားတွေ ကျင်းပ


2014.06.21
june-21-memory-305 ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ ရန်ကုန်မြို့မှာ လုံထိန်းတပ် ဖွဲ့တွေရဲ့ ရိုက်နှက်မူကြောင့် သေဆုံးသွားကြတဲ့ အခြေခံပညာ အထက်တန်းကျောင်းသားတွေနဲ့ ရဟန်းရှင်လူပြည်သူတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့က မြေနီကုန်း မီးပွိုင့်လမ်းဆုံမှာ ကျင်းပစဉ်
Photo: Thiha Tun/RFA

၈ လေးလုံး အရေးတော်ပုံကြီးမတိုင်ခင် ၁၉၈၈ ခုနှစ် ဇွန်လ၂၁ ရက်နေ့က ရန်ကုန်မြို့မှာ လုံထိန်းတပ်ဖွဲ့တွေ ရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားကြတဲ့ အခြေခံပညာ အထက်တန်းကျာင်းသားတွေနဲ့ ရဟန်းရှင်လူ ပြည် သူတွေကို ဂုဏ်ပြုအလေးပြုတဲ့ အထိမ်းအမှတ်တစ်ခုကို ဒီနေ့ရန်ကုန်မြို့ မြေနီကုန်းမီးပွိုင့်လမ်းဆုံမှာ ကျင်းပခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၆ နှစ် ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်း မြေနီကုန်းလမ်းဆုံမှာ အစိုးရကို သပိတ်မှောက်ခဲ့ကြတဲ့ အခြေခံပညာကျောင်းသားတွေရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမူဟာ လေးလုံး အရေးတော်ပုံကြီးဖစ်လာဖို့အတွက် တွန်းအားဖြစ်ခဲ့တယ်လို့ ဒီနေ့ အောက်မေ့ဘွယ် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အဲဒီအချိန်က အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ ) အဖွဲ့က ကိုဘိုဘိုက ပြောပါတယ်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတစ်ဦိးလွတ်မြောက်ရေးအတွက် အခြေခံပညာ အထက်တန်းကျာင်းသားတွေ ချီတက်လာစဉ် မြေနီကုန်းမီးပွိုင့်လမ်းဆုံမှာ လုံထိန်းတပ်ဖွဲ့တွေရဲ့ ဖြိုခွင်းတာကို ခံခဲ့ရပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြေနီကုန်းမီးပွိုင့်လမ်းဆုံမှာ လွန်ခဲ့တဲ့ ၂၆ နှစ်က ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသားလူငယ် ရဟန်းရှင်လူတွေအတွက် အမှတ်တရ ပန်းစည်းတွေချခဲ့ပြီး ဂုဏ်ပြုအလေးပြုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။