အသက်ပြည့်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေ စတင်တော့မည်

မြန်မာ စစ်အစိုးရက အသက် ၁၈ နှစ်နဲ့ အထက် အမျိုးသား အမျိုးသမီးတိုင်း စစ်မှု မထမ်းမနေရ အမိန့်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တယ်လို့ မြန်မာ စစ်အစိုးရရဲ့နိုင်ငံတော် ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

2011.01.09
than_shwe_new_car_305_Z နေပြည်တော်တွင် ၂၀ဝ၈ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသော တော်လှန်ရေးနေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်ကြောင်းများကို အမိုးဖွင့် ကားသစ်ကြီးပေါ်မှ လှည့်လည် စစ်ဆေးနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံရေးအရ စစ်အာဏာရှင်စနစ် တရားဝင် တည်တံ့အောင် လုပ်ဆောင်ချက်အဖြစ် ဒီမိုကရေစီ အင်အားစုများက ရှုမြင်လျက်ရှိသည်။ (Photo: AFP)
AFP

အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်ကနေ ၃ နှစ် စစ်မှု မထမ်းမနေရ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ဥပဒေအရ စစ်မှုထမ်းလို့ မရတဲ့ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် ရှိသူတွေက လွဲလို့ အသက်ပြည့်သူတိုင်း ဒေသဆိုင်ရာ အာဏာပိုင်တွေဆီမှာ စစ်မှုထမ်းဖို့ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်ဖို့ ပျက်ကွက်ရင်ဖြစ်စေ စစ်မှု မထမ်းရအောင် ရှောင်လွှဲဖို့ ကြိုးစားရင်ဖြစ်စေ အဲဒီလို ကျူးလွန်သူဟာ ထောင်ဒဏ် ၅ နှစ်ထိ ကျခံရမယ်လို့လည်း သိရပါတယ်။

ခုလို ဥပဒေ ပြဋ္ဌာန်းလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ လက်ရှိ အနေအထားအရ မှန်ကန်တဲ့ ဥပဒေ မဖြစ်နိုင်ဘူးလို့ ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းက ယူဆပါတယ်။

မှန်ကန်တဲ့ လုပ်ရပ်တခုတော့ မဟုတ်ဘူးလို့ ကျနော် မြင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အဓိကက ပြည်ပကျူးကျော်မှု ပေါ်ပေါက်လာတဲ့ အရေးပေါ် အခြေအနေမျိုးတွေမှာ ဆိုရင် နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းရမယ်၊ တာဝန်ရှိတယ် ဆိုတဲ့ ခံယူချက်ကို ကျနော်တို့ လက်ခံပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ပြည်ပကျူးကျော်စစ် မရှိဘဲ၊ ပြည်ပရန် ကာကွယ်ရန် အကြောင်းခြင်းရာတွေ မပေါ်ပေါက်သေးဘဲနဲ့ ပြည်တွင်းစစ်တွေမှာပါ အဲဒါတွေကို အသုံးပြုလာမယ်၊ စစ်မှု မထမ်းမနေရ ဆိုပြီး ပြည်သူတွေကိုပါ အသုံးပြုလာမယ် ဆိုရင်တော့ ဒီဥပဒေဟာဖြင့် မှန်ကန်တဲ့ ဥပဒေတရပ်လို့ ကျနော်တို့ မှတ်ယူလို့ မရပါဘူး

ဒီ ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်ပေမယ့် အများပြည်သူ သိရှိအောင် ကြေညာချက် ထုတ်ပြန်ခြင်းမရှိဘဲ နိုင်ငံတော်ပြန်တမ်း အနေနဲ့သာ ထုတ်ပြန်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီဥပဒေ ပြဌာန်းလိုက်တာနဲ့ ပတ်သက်ပြီး ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းကို အာအက်ဖ်အေ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-01-09 21:54

ကြိုဆိုပါတယ်လို့ ...လက်နက်လဲရတယ်အနီးကပ်လဲလုပ်ခွင့်ရမယ်...စစ်မှု့ မထမ်းမနေရဆိုတဲ့ဥပဒေကိုလုပ်ဖြစ်အောင်လုပ်ပါလို့ ....ဝိုင်းဝန်းအားပေးတိုက်တွန်းကြပါလို့ ...မြန်မြန်ဖြစ်လေမြန်မြန်စစ်အာဏာရှင်ချုပ်ငြိမ်းတာပေါ့.....ကြိုဆိုနေတယ်.....လို့ ထပ်ပြောလိုက်ပါတယ်