ကချင်ပြည်နယ်က တပ်သိမ်းမြေ ဧက ၇၀၀ နီးပါးကို ပြန်ပေးမည်


2018.12.06
vice-president-kachin-622.jpg ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က မြစ်ကြီးနားမြို့ကို ရောက်ရှိလာစဉ်
Photo: Elizabeth/ RFA

ကချင်ပြည်နယ်က မြစ်ကြီးနား၊ မိုးညှင်းနဲ့ ဗန်းမော်ခရိုင်တွေမှာရှိတဲ့ တပ်သိမ်းမြေ ဧက ၇၀၀ နီးပါးကို မူလ တောင်သူတွေကို ပြန်လည်ပေးအပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်လိုက်တဲ့ မြေတွေကတော့ မြစ်ကြီးနားခရိုင်မှာ မူလတောင်သူ ၂၅ ဦးအတွက် ဧက ၁၁၀၊ ဗန်းမော်ခရိုင်မှာ တောင်သူ ၈၄ ဦးအတွက် ၄၆၉ ဧက၊ မိုးညှင်းခရိုင်က တောင်သူ ၁၅ ဦးကို ၁၁၄ ဧက ပေးအပ်သွားမှာဖြစ်ပါတယ်။

အဲဒီမြေတွေကို ကာကွယ်ရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်ကျော်ကစလို့ သိမ်းယူခဲ့တာဖြစ်ပြီး အခုပြန်လည်စွန့်လွှတ်လိုက်တဲ့ မြေတွေကတော့ တပ်မတော်က ဌာနဆိုင်ရာ စီမံကိန်းတွေနဲ့ လုပ်ငန်းတွေအတွက် လက်ရှိမှာ အသုံးမပြုတော့တဲ့ မြေတွေဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြသိန်း က RFA ကို ပြောပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ ဒီနေ့မနက်ပိုင်းက မြစ်ကြီးနားမြို့ကို ရောက်ရှိလာပြီး မနက်ဖြန်မှာ မြစ်ကြီးနားနဲ့ မိုးညှင်းခရိုင်မှာရှိတဲ့ တပ်သိမ်းမြေတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်မယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ ဒုတိယသမ္မတဟာ ခရီးသွားလာရေးလုပ်ငန်း အခြေအနေကို လေ့လာဖို့ ပူတာအိုခရိုင်ကို သွားရောက်သွားမယ်လို့လည်း ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦခင်မောင်မြင့်(ခေါ်) ဦးဒိတ် ကပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။