ကချင်စစ်ပြေးဒုက္ခသည်များအတွက် ထားဝယ်ဒေသအလှူ
2012.05.19

ဒါ့အပြင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း ထားဝယ်မြို့ခံပြည်သူ တစ်ထောင်လောက်နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဟောပြော ဆွေးနွေးခဲ့တယ် လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုပြုံးချိုက RFA ကို ပြောပါတယ်။
"ကချင်ဒေသက ဒုက္ခသည်တွေအတွက် မြောက်ဘက်နဲ့ တောင်ဘက် ဘယ်လောက်ပဲ ဝေးဝေး သူတို့ စိတ်မချမ်းသာဘူးပေါ့နော်။ ဒီလိုတွေ ဖြစ်နေတာကို။ အခုအချိန်မှာ ဆိုလို့ရှိရင် စားရေးသောက်ရေး၊ နေရေးထိုင်ရေး အခက်အခဲတွေ၊ မိုးကျလာတော့ဗျာ။ အမိုးအကာတွေ မရှိကြဘူး။ အကူအညီတွေလိုမယ်ဆိုတာ သူတို့ သိတယ်။ အဲဒါကြောင့်မို့လို့ သူတို့ ဒေသထဲမှာ ရှိတဲ့ ပြည်သူလူထုတွေ ပေါင်းပြီးတော့ စုပေါင်းထည့်လှူငွေ အားလုံးပေါင်းလိုက်ရင် ၂၈ သိန်း ကျော်ကျော် ရတယ်။ အဲဒါကို ကျွန်တော်တို့ကနေတဆင့် ဟိုဘက်ကို သွားလှူပေးဖို့ အကူအညီတောင်းထားတယ်။"
ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်းနေရာမှာ မြေယာ အသိမ်းခံရမှုတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး အဖြေရနိုင်မယ့် အလုပ်ရုံ ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်ဖို့ကိုလည်း ကြိုးစားပေးခဲ့တယ်လို့ ကိုပြုံးချိုက ပြောပါတယ်။
သူတို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က အဲဒီဖြစ်ရပ်တွေ စုဆောင်း ရယူနိုင်ခဲ့သလို၊ ဒီကိစ္စကို အစီရင်ခံစာတစောင် ထုတ်ပြန်နိုင်ဖို့ ကြိုးစားမယ်လို့ သိရပါတယ်။