ကချင်ပြည်နယ် ငြိမ်းချမ်းရေး လမ်းလျှောက်သူ ဦးရေတိုးလာ

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရန်ကုန်ကနေ ကေအိုင်အို ဌာနချုပ် လိုင်ဇာအထိ လမ်းလျှောက် ဆန္ဒပြနေကြတဲ့အဖွဲ့ဟာ မုံရွာမြို့က အဖွဲ့နဲ့ ပူးပေါင်းလိုက်ကြပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ အဖွဲ့ဝင်အင်အား ၅၀ ကျော် ရှိလာပြီလို့ သိရပါတယ်။

2013.02.07

ဒီကနေ့မှာပဲ မြင်းခြံမြို့က ငြိမ်းချမ်းရေး လိုလားသူတွေဟာလည်း မန္တလေးမြို့ရောက်နေတဲ့ ရန်ကုန်အဖွဲ့နဲ့ ပူးပေါင်းလမ်းလျှောက်နိုင်ဖို့ မြင်းခြံမြို့ကနေ မန္တလေးဖက်ကို စတင်ထွက်ခွာလာပြီလို့ သိရပါတယ်။

ဒီကနေ့မှာပဲ မန္တလေးမြို့က အထက်ဗမာပြည် ငြိမ်းချမ်းရေး မြတ်နိုးသူများအဖွဲ့ဟာ အဲဒီ ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေအတွက် ထောက်ပံ့ကူညီနိုင်ဖို့ ဒီနေ့မနက်ပိုင်းမှာ မန္တလေးကုန်စည်ဒိုင်၊ မဟာအောင်မြေ ကျောက်ဝိုင်းနဲ့ ဈေးချိုတော် (၃) နေရာတို့မှာ အလှူခံခဲ့ပါတယ်။

မန္တလေးအခြေစိုက် ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်)နဲ့ လူမှုအဖွဲ့အစည်းဝင်တွေ ပူးပေါင်းပြီး ငြိမ်းချမ်းရေး မြတ်နိုးသူများ (အထက်ဗမာပြည်) အဖြစ် အဖွဲ့ဖွဲ့ပြီး ကူညီနေတာ ဖြစ်ပါတယ်။

ဒီကနေ့ အလှူခံတဲ့အဖွဲ့ထဲမှာ တက္ကသိုလ်တစ်ချို့က ကျောင်းသားကျောင်းသူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်နေကြတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေဟာ ရန်ကုန်မြို့ကနေ ဇန်နဝါရီ ၂၁ ရက်နေ့မှာ စတင်ထွက်ခွာခဲ့တာ ဖြစ်ပြီး အခုဆိုရင် နှစ်ပတ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။