မကရင်မအမှုမှာ တရားစွဲခံရသူကိုရုံးထုတ် ရမန်ယူ


2018.06.14

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်က တပ်မတော်အရာရှိ ဗိုလ်မှူးတစ်ဦးရဲ့ နေအိမ်မှာ အိမ်ဖော်လုပ်ရင်း သေဆုံးသွားခဲ့ရတဲ့ မကရင်မ (ခေါ်) မခင်သန္တာဦးရဲ့အမှုမှာ လူသတ်မှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ဗိုလ်မှူးရဲ့ဇနီးဖြစ်သူ ဒေါ်သိင်္ဂီစုကို ရန်ကုန်မြို့ တောင်ပိုင်းခရိုင် သံလျင်မြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ပြီး ရမန်ယူခဲ့ပါတယ်။

တရားစွဲဆိုခံထားရတဲ့ ဒေါ်သိင်္ဂီစုကို သံလျင်မြို့နယ်တရားရုံးက လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ပါတယ်။

ဥပဒေအရာရှိတစ်ဦးလည်းဖြစ်တဲ့ ဒေါ်သိင်္ဂီစုဟာ ဆွဲကြိုးပျောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မကရင်မကို ရိုက်နှက်နှိပ်စက် ရာကနေ လက်လွန်ပြီး နေမကောင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မကရင်မကို သူရဲ့နေအိမ်ကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ပြန်ပို့ပေးခဲ့တယ်လို့ အဲဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ သူတွေက ပြောပါတယ်။

မကရင်မ (ခေါ်) မခင်သန္တာဦးဟာ တွံတေးမြို့နယ် ခတ္တိယကျေးရွာအုပ်စု အုတ်ဖိုရွာမှာ နေထိုင်သူဖြစ်ပြီး တရားစွဲခံရသူ ဒေါ်သိဂီၤစုတို့နေအိမ်မှာ လွန်ခဲ့တဲ့ ၆ လက အိမ်ဖော်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

မကရင်မ သေဆုံးမှုနဲ့ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ဦးဆောင်တဲ့ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုအဖွဲ့က ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။