KNPP နဲ့ ပြည်နယ်အစိုးရ လစဉ်တေ့ွဆုံဖို့ ဆုံးဖြတ်
2019.05.06

ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ လစဉ် ပုံမှန်အစည်းအဝေးတွေကို လာမယ့် ဇွန်လကစပြီး ပုံမှန်ပြန်လည်တွေ့ဆုံဆွေးကြဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဒီကနေ့ ကယားပြည်နယ် လွိုင်ကော်မြို့ Famous Hotel မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ အခုလိုဆုံးဖြတ်ခဲ့တာလို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေ က ပြောပါတယ်။
အစိုးရဖက်က ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးKNPP ဒု-ဥက္ကဋ္ဌ ခူးဦးရယ်နဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုတို့ တက်ရောက်ပြီး ဦးဆောင်ဆွေးနွေးကြတယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလအစည်းအဝေးမှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ KNPP တို့ လစဉ်ပုံမှန်အစည်းအဝေးလုပ်ကြဖို့ သဘောတူခဲ့ကြပေမယ့်လည်း ခြောက်ကြိမ်သာကျင်းပနိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးတွေကြောင့် မကျင်းပနိုင်ခဲ့ဘူးလို့ သိရပါတယ်။
ပြည်နယ်အစိုးရနဲ့ KNPP တို့ရဲ့ လစဉ်ပုံမှန်အစည်းအဝေး ပြန်လည်ကျင်းပနိုင်ပြီဖြစ်ရာ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စတွေကိုလည်း ဆက်လက်ဆွေးနွေးနိုင်တာမို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုဖြစ်တယ်လို့ နှစ်ဖက်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။